ကယ်နုတ်မည့်အကြောင်းသတင်းကောင်း
1 ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊မ၊ ၁၁:၅။ လု။ ၇:၂၂။2 ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း၊လု၊ ၄:၁၈-၁၉။မ၊ ၅:၄။3 စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့အဖို့စီရင်၍၊ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အားပေးစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။ 4 ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာအရပ်တို့ကို ပြုစုကြလိမ့်မည်။ 5 တစ်ပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့အဖို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။ 6 သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍၊ သူတို့၏ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက် ကြလိမ့်မည်။ 7 သင်တို့ အရှက်ကွဲခြင်းအရာ၌ နှစ်ဆသောအကျိုးကိုခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့အဖို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဖို့ကိုအမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်။ 8 အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကိုနှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကိုပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကိုဖွဲ့မည်။ 9 သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တစ်ပါးအမျိုးသား နေရာအရပ်ရပ်၌ ကျော်စောကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား ကောင်းချီးပေးတော်မူသော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူအပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။
10 ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့လည်းကောင်း၊ မင်္ဂလာဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။ဗျာ၊ ၂၁:၂။11 မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့လည်းကောင်း၊ လယ်ယာသည်မိမိ၌စိုက်သောမျိုးစေ့ကို အညှောက်ထွက်စေသကဲ့သို့လည်းကောင်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။
宣告救恩的好信息
1 主耶和华的灵在我身上,
因为耶和华膏了我,
叫我传福音给困苦的人;
差遣我去医治伤心的人,
向被掳的宣告自由,
向被囚的宣告释放;
2 宣告耶和华悦纳人的禧年,
和我们的 神报仇的日子;
安慰悲哀的人,
3 为锡安悲哀的人穿上装饰,
赐给他们华冠代替灰尘,
喜乐油代替悲哀,
赞美衣代替沮丧的灵,
他们必称为公义的橡树,
是耶和华栽种的,好使他自己得着荣耀。
4 他们必重建久已废弃的荒场,
建立先前荒凉之地;
重修荒废了的城镇,
就是历代荒凉之处。
5 那时,外人要服事你们,牧放你们的羊群,
外族人要作你们的农夫和葡萄园丁。
6 至于你们,却要称为耶和华的祭司,
人必称你们为我们 神的仆人;
你们要享用列国的财富,
因得着他们的荣耀而夸耀。
7 你们必得加倍的分,代替你们所受的羞愧,
他们因自己所得的分而欢呼,代替羞辱,
所以在他们的境内,他们必拥有加倍的产业,
他们必有永远的喜乐。
8 因为我耶和华喜爱公平,
恨恶不义的抢夺;
我要凭真理赏赐他们,
与他们立永远的约。
9 他们的后裔必在列国中被人认识,
他们的子孙在万民中也必这样;
看见他们的,
都必承认他们是耶和华赐福的后裔。
10 我因耶和华大大欢喜,
我的心靠着我的 神快乐,
因为他给我穿上救恩的衣服,
给我披上公义的外袍,
好象新郎戴上华冠,
又像新娘佩戴装饰。
11 地怎样发生苗芽,
园子怎样使所种的生长起来,
主耶和华也必怎样使公义和赞美,
在万国之前生长出来。