1 သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မတို့ကိုမောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
ယေရုရှလင်မြို့ဘုန်းအသရေ
2 ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော ဣသရေလအမျိုးသားတို့အဖို့၊ မြေအသီးအနှံသည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်။ 3 ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊ 4 ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကိုဆေးကြော၍၊ ယေရုရှလင်မြို့၏အသွေးကို မြို့ထဲက ပယ်ရှားတော်မူပြီးလျှင်၊ ဇိအုန် တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ 5 ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာ ရှိသမျှသောအိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ်တွင်၊ နေ့အချိန်၌ မိုးတိမ်နှင့် မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ မီးလျှံအလင်းကိုလည်းကောင်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။ထွ၊ ၁၃:၂၁၊၂၄:၁၅။6 နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်းရောက်မှ လုံခြုံသောခိုလှုံရာ ဖြစ်လိမ့်မည်။
锡安的更新与蒙福
1 到那日,七个女人必拉住一个男人,说:"我们吃自己的饭,穿自己的衣服;只求你让我们归在你名下,使我们的羞辱可以除掉。"
2 到那日,从耶和华那里发生的苗必华美荣耀;那地的果实成为以色列那些逃脱的人的夸耀和光荣。3 那时,锡安余剩、仍留在耶路撒冷的人,就是所有登记在耶路撒冷活人名册上的,都必称为圣。4 主要用审判的灵和焚烧的灵把锡安女子的污秽洗去,又把耶路撒冷中间的血腥洗净。5 然后,耶和华必在锡安全山之上,并会众之上,在日间创造云和烟,夜间创造有火焰的光亮,因为在一切荣耀之上,必有遮盖。6 也必有亭子,日间可以使人得阴凉、避炎热,也可以作避难时藏身之所,或作躲避狂风暴雨之处。