ကျေးဇူးတော်ချီးမွမ်းသည့်ဓမ္မသီချင်း
1 ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တစ်ဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။ 2 ဘုရားသခင်သည် ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။ထွ၊ ၁၅:၂။ ဆာ၊ ၁၁၈:၁၄။3 သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ကယ်တင်ခြင်း စမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။ 4 ထိုကာလ၌လည်း ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည်မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ 5 ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ။ အို ဇိအုန်သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ 6 အကြောင်းမူကား၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
称谢救恩之歌
1 到那日,你必说:
"耶和华啊!我要称谢你,
因为你虽曾向我发怒,
你的怒气却已转消,
你又安慰了我。
2 看哪! 神是我的拯救;
我要倚靠他,并不惧怕,
因为耶和华 神是我的力量,我的诗歌,
他也成了我的拯救。"
3 所以你们要快乐地
从救恩的泉源打水。
4 到那日,你们必说:
"要称谢耶和华,呼求他的名;
在万民中传扬他的作为,
使他们谨记他那至高的名。
5 你们要唱歌赞美耶和华,因为他作了极美的事;
愿这事传遍全地。
6 锡安的居民哪,当喊叫欢呼!
因为以色列的圣者在你们中间是伟大的。"