ဇိအုန်၏အနာဂတ်ဘုန်းတော်
1 တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ 2 အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။
3 အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ဟေဗြဲ၊ ၁၂:၁၂။4 အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက်တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီရင်လျက် ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူလိမ့်မည်။ 5 ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။မ၊ ၁၁:၅။ လု၊ ၇:၂၂။6 ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌ မြစ်ရေစီးလိမ့်မည်။ 7 တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင်ပေါက်လိမ့်မည်။ 8 ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ်သောသူသည် ထိုလမ်းကို မလျှောက်မသွားရ။ သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ 9 ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ မတက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်။ 10 ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက်ခြင်း သရဖူကိုဆောင်းလျက်၊ ဇိအုန်မြို့သို့ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကိုရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့်မည်။
得救者的福乐
1 旷野和干旱之地必欢喜;
沙漠要快乐,
又像番红花一般开花,
2 必茂盛地开花,
大大快乐,并且欢呼。
黎巴嫩的荣耀、
迦密和沙仑的华美也赐给它;
人们必看见耶和华的荣耀、
我们 神的华美。
3 你们要坚固无力的手,稳固摇动的膝。
4 又对那些忧心的人说:
"你们要刚强,不要惧怕。
看哪!你们的 神,他要来报仇,
来施行报应,
他必来拯救你们。"
5 那时,瞎子的眼必打开,
聋子的耳必畅通。
6 那时,瘸子必像鹿一般跳跃,
哑巴的舌头必大声欢呼;
旷野必涌出大水,
沙漠必流出江河。
7 灼热的沙地必变为水池,
干旱之地必变成泉源;
在野狗的住处,就是牠们躺卧之处,
必成为青草、芦苇和蒲草生长的地方。
8 那里必有一条大路,
要称为"圣路";
不洁净的人不能经过,
那是为那些行走正路的人预备的;
愚昧的人不会在路上留连。
9 那里必没有狮子,
猛兽也不会上去,
在那里必遇不见牠们;只有蒙救赎的人在那里行走。
10 蒙耶和华赎回的人必归回,
必欢呼地来到锡安;
永远的喜乐必临到他们的头上;
他们必得着欢喜和快乐,
忧愁和叹息都必逃跑了。