ထောမနာသီချင်း
1 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။ 2 မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။ 3 ထိုကြောင့်၊ အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။ 4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။ 5 သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တစ်ကျွန်းတစ်နိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ ပျောက်ရပါလိမ့်မည်။
6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ 7 လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ 8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။၁ကော၊ ၁၅:၅၄။ ဗျာ၊ ၇:၁၇၊၂၁:၄။
9 ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
မောဘပြည်ကိုဒဏ်ခတ်မည်
10 အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်သည် ဤတောင်ပေါ်မှာငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ဗွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။ဟေရှာ၊ ၁၅:၁—၁၆:၁၄။ ယေ၊ ၄၈:၁-၄၇။ ယေဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။11 ရေကူးသောသူသည် ရေကူးခြင်းငှာ လက်ကိုဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။ 12 သင်တို့၏ မြို့ရိုးပြအိုး အထွတ်ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။
称颂的诗歌
1 耶和华啊!你是我的 神,
我要尊崇你,称谢你的名,
因为你以信实真诚作成了奇妙的事,
就是你远古以前所计划的事。
2 你使城市变成废堆,
使坚固城变为荒凉的地方,
使外族人的城堡不再为城,
永远不得重建。
3 因此,强大的民族必荣耀你;
强暴之国的城也要敬畏你。
4 你作了困乏人的保障、
贫穷人急难中的保障、
躲暴风雨的避难所、避炎热的阴凉处;
因为强暴者所吹的气,
如同直吹墙壁的暴风。
5 你抑制外族人的喧哗,好象减低干旱之地的炎热;
你禁止强暴者的凯歌,好象热气因云彩而消散。
圣山上摆设筵席
6 万军之耶和华必在这山上为万民摆设丰盛美筵,有陈酒、满髓的肥甘和醇美好酒。7 他又必在这山上除灭那遮盖万民的面巾,和那遮盖列国的帕子。8 他要吞灭死亡,直到永远;主耶和华必擦去各人脸上的眼泪,又从地上除掉他子民的羞辱;这是耶和华说的。
神施行拯救,惩罚敌人
9 到那日,必有人说:"看哪!这是我们的 神;我们信靠他,他必拯救我们。这是耶和华,我们所倚靠的,我们要因他的拯救欢喜快乐。10 耶和华的手必放在这山上;但摩押人在自己的地方必受践踏,好象干草在粪坑中被践踏一样。11 他们必在其中伸开手来,好象游泳者伸开手来游泳一样;但耶和华要使他们的骄傲和他们手所行的诡计,一同败落。12 耶和华必使他们高耸而坚固的城墙倾倒下陷,落在地面,变作尘土。"