ဗာဗုလုန်ပြည်မှစေတမန်များ
1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။ 2 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
3 ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ 4 နန်းတော်၌ အဘယ်အရာကိုမြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ 5 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ 6 နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။ 7 သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်းယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏နန်းတော်၌၊ လူပျိုတော် လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။ဒံ၊ ၁:၁-၇။ ၄ရာ၊ ၂၄:၁၀-၁၆။ ၆ရာ၊ ၃၆:၁၀။8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍လည်းကောင်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိရလိမ့်မည်ဟူ၍လည်းကောင်း၊ ဟေရှာယအားဆိုလေ၏။
希西家展示所有宝物(王下20:12~15。参代下32:27~31)
1 那时,巴比伦王巴拉但的儿子米罗达.巴拉但,听说希西家病了,又痊愈了,就派人送信和礼物给希西家。2 希西家就十分高兴,并且把他的宝库、银子、金子、香料和贵重的油,以及他整个武器库里和他府库里的一切物件,都给使者们看;他家里和他全国里的东西,希西家没有一样不给他们看。3 于是以赛亚先知来见希西家王,问他说:"这些人说了些甚么?他们从哪里来见你?"希西家说:"他们是从远方的巴比伦来见我的。"4 以赛亚又问:"他们在你家里看见了甚么?"希西家回答:"我家中所有的,他们都看了;我的财宝中,没有一样不给他们看。"
以赛亚预言被掳(王下20:16~19)
5 以赛亚对希西家说:"你要听万军之耶和华的话。6 看哪!日子必到,你家中所有的,以及你列祖所积蓄到今日的,都要被带到巴比伦去,一样也不留,这是耶和华说的。7 从你所出的众子,就是你所生的,其中必有被掳去的,在巴比伦王宫里作太监。"8 希西家对以赛亚说:"你所说耶和华的话不错呀!"因为他心里想:"在我有生之日,必有平安和稳固。"