1 ထိုသတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး၊ အာခရှပ်မင်းကြီးတို့ထံသို့လည်းကောင်း၊ 2 တောင်ရိုးမြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့လည်းကောင်း၊ 3 အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင်ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့လည်းကောင်းစေလွှတ်၍၊ 4 ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါအပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက်လာကြ၏။ 5 ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှာချီလာ၍၊ မေရုံအိုင်နားမှာ တစ်စုတည်း တပ်ချလျက်နေကြ၏။ 6 ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကိုဖြတ်ရမည်။ ရထားတို့ကိုမီးရှို့ရမည်ဟု ယောရှုအားမိန့်တော်မူ၏။ 7 ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့်တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍တိုက်လေ၏။ 8 ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကိုလုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖောသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့်တိုင်အောင်လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ 9 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ခြေကြောကိုဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။ 10 ထိုအခါ ယောရှုသည်ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ဓားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရသတည်း။ 11 ထိုမြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သဖြင့် တစ်ယောက်ကိုမျှ အသက်ရှင်စေခြင်းငှာမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။ 12 ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့်လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ 13 သို့ရာတွင်၊ ဟာဇော်မြို့မှတစ်ပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့ကိုသာ ယောရှုမီးရှို့သတည်း။ 14 ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။ 15 ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကိုဆင့်ဆို၏။ ယောရှုလည်း ထိုသို့ပြုလေ၏။ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသမျှသော အမှုတစ်စုံတစ်ခုကို လှပ်၍မထား။
16 ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊ 17 လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည်သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကိုအောင်သဖြင့် လုပ်ကြံကွပ်မျက်လေ၏။ 18 ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ်တိုက်ရ၏။ 19 ဟိဝိလူ၊ ဂိဗောင်မြို့သားမှတစ်ပါး ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့သော မြို့တစ်မြို့မျှမရှိ။ အခြားသောမြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ၏။ 20 အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု၊ အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည်အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကိုဆီး၍ တိုက်ဝံ့သည်တိုင်အောင် သူတို့စိတ်နှလုံးခိုင်မာစေခြင်းငှာ ထာဝရဘုရား အလိုရှိတော်မူသတည်း။တရား၊၇:၁၆။21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ်ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။ 22 ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတစ်ပါး၊ ဣသရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူ တစ်ယောက်မျှမရှိ။ 23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တစ်လျှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။
1 Quando Jabim, rei de Js 11.10Hazor, ouviu isso, enviou mensageiros a Jobabe, rei de Madom, ao rei de Sinrom, ao rei de Acsafe, 2 aos reis que estavam ao norte, na região montanhosa e na Js 12.3—13.27Arabá, ao sul de Quinerete, e na Sefelá, e nos planaltos de Dor, ao ocidente, 3 aos cananeus, ao oriente e ao ocidente, aos amorreus, aos heteus, aos ferezeus, e aos jebuseus, na região montanhosa, e aos heveus ao pé de Hermom, na terra de Mispa. 4 Saíram eles com todas as suas hostes, muito povo, multidão numerosa como Jz 7.12a areia que está na praia do mar, levando muitíssimos cavalos e carros. 5 Todos esses reis se reuniram, vieram e acamparam-se juntos às águas de Merom, para pelejarem contra Israel.
6 Disse Jeová a Josué: Js 10.8Não te arreceies deles, porque amanhã, a esta hora, eu os entregarei a todos mortos diante de Israel. 2Sm 8.4Jarretarás os seus cavalos e queimarás com fogo os seus carros. 7 Josué, com toda a gente de guerra, veio de repente contra eles às águas de Merom, e os atacaram. 8 Jeová entregou-os nas mãos de Israel; feriram-nos e perseguiram-nos até a grande Sidom, e até Js 13.6Misrefote-Maim, e até o vale de Js 11.3Mispa, ao oriente; e feriram-nos, até não lhes deixar nem sequer um de resto. 9 Fez-lhes Josué como Jeová lhe ordenou; Js 11.6jarretou os cavalos deles e queimou os carros com fogo.
10 Nesse tempo, voltou Josué, tomou a Js 11.1Hazor e matou à espada o seu rei, pois Hazor dantes era a capital de todos esses reinos. 11 Dt 20.16Feriram ao fio da espada a todos os que nela estavam, destruindo-os totalmente; não foi deixado ninguém com vida; e ele queimou a Hazor com fogo. 12 Tomou Josué todas as cidades desses reis, e a eles mesmos, feriu-os ao fio da espada, e totalmente os destruiu, como ordenou Moisés, servo de Jeová. 13 Porém, quanto às cidades que se achavam sobre outeiros, a nenhuma delas queimou Israel, a não ser a Hazor; a essa queimou Josué. 14 Os filhos de Israel Nm 31.11-12tomaram como presa para si todos os despojos dessas cidades e o gado; porém feriram ao fio da espada a todos os homens, até os destruírem, sem deixar a ninguém com vida. 15 Como Jeová ordenou a Moisés, seu servo, assim Moisés ordenou a Josué. Assim Josué o fez; não deixou de fazer coisa alguma de tudo o que Jeová ordenou a Moisés.
16 Tomou Josué toda aquela terra, a Js 10.40-41região montanhosa, e todo o Neguebe, e toda a terra de Gósen, e a Sefelá, e a Js 11.2Arabá, e a região montanhosa de Israel com a sua planície, 17 desde o Js 12.7monte Halaque que sobe a Seir, até Baal-Gade, no vale do Líbano, ao pé do monte Hermom. Dt 7.24Tomou também todos os seus reis, feriu-os e tirou-lhes a vida. 18 Por muito tempo pelejou Josué contra todos esses reis. 19 Não houve cidade que fizesse paz com os filhos de Israel, à exceção Js 9.3,7dos heveus, habitantes de Gibeão; a todas tomaram à força de armas. 20 Pois Êx 14.17de Jeová veio o endurecimento dos seus corações, para saírem à guerra contra Israel, a fim de que fossem destruídos totalmente e não achassem piedade alguma, porém fossem de todo exterminados, como Jeová ordenou a Moisés.
21 Nesse tempo, veio Josué e exterminou os Nm 13.33;Dt 9.2anaquins da região montanhosa, de Hebrom, de Debir, de Anabe, de toda a região montanhosa de Judá e de toda a região montanhosa de Israel; Josué totalmente os destruiu com as suas cidades. 22 Não se deixou nem sequer um dos anaquins na terra dos filhos de Israel; somente ficaram alguns em Gaza, em Gate e em Asdode. 23 Tomou Josué a terra, conforme tudo o que Jeová falou a Moisés, e Dt 1.38deu-a em herança a Israel, segundo as suas divisões em tribos. Dt 12.9-10;25.19;Hb 4.8A terra cessou de ter guerra.