1 ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။ 2 ယောသပ်၏သား မနာရှေ၏သားယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖာသား၊ ရှမိဒသားတို့သည် အဆွေအမျိုးအလိုက်စာရေးတံပြု၍ ရကြသေး၏။ 3 သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖာတို့မှဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာ ရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။ 4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။တော၊ ၂၇:၁-၇။5,6 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။
7 မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ယာဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။ 8 တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။ 9 တစ်ဖန် အပိုင်းအခြားသည် ကာနမြစ်တောင်ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေဖြစ်၍ ပင်လယ်၌ဆုံးလေ၏။ 10 တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။ 11 ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူမူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။ 12 သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ကိုမသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင်နေကြ၏။ 13 ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေးစေကြ၏။သူကြီး၊ ၁:၂၇-၂၈။
14 ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည် တစ်ဖို့တစ်ခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအားမေးလျှောက်ကြသော်၊ 15 ယောရှုက၊ သင်တို့သည်အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင်ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော၏။ 16 ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင်သည် အကျွန်ုပ်တို့အဖို့ မလောက်ပါ။ ချိုင့်အရပ် ဗက်ရှန်မြို့ရွာတို့၌လည်းကောင်း၊ ယေဇရေလချိုင့်၌လည်းကောင်းနေသော ခါနနိလူအပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက်ပြန်လျှင်၊ 17 ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တစ်ဖို့တည်းကိုသာ မယူရ။ 18 တောင်သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့် ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုးတည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။
1 Caiu também a sorte à tribo de Manassés, por ser ele o primogênito de José. Quanto a Maquir, primogênito de Manassés, pai de Gileade, pelo fato de ser homem de guerra, teve a Gileade e a Basã. 2 Caiu a sorte aos mais filhos de Manassés segundo as suas famílias: aos filhos de Abiezer, e aos filhos de Heleque, e aos filhos de Asriel, e aos filhos de Siquém, e aos filhos de Hefer, e aos filhos de Semida. Estes foram os filhos de Manassés, filho de José, segundo as suas famílias. 3 Nm 26.33;27.1-7Mas Zelofeade, filho de Hefer, filho de Gileade, filho de Maquir, filho de Manassés, não tinha filhos, mas somete filhas, cujos nomes são estes: Maalá, Noa, Hogla, Milca e Tirza. 4 Estas chegaram à presença do sacerdote Eleazar, e de Josué, filho de Num, e dos príncipes, dizendo: Jeová ordenou a Moisés que se nos desse uma herança entre nossos irmãos. Josué, Nm 27.5-7segundo a ordem de Jeová, deu-lhes uma herança entre os irmãos do seu pai. 5 Caíram a Manassés dez quinhões, afora a terra de Gileade e Basã, que está além do Jordão; 6 porque as filhas de Manassés receberam uma herança entre os filhos dele. A Js 13.30-31terra de Gileade pertencia aos outros filhos de Manassés.
7 Foi o termo de Manassés desde Aser até Micmetate, que está defronte de Siquém; e estendeu-se pela direita até os que habitam En-Tapua. 8 A terra de Tapua ficou pertencendo a Manassés; mas Tapua, junto ao termo de Manassés, pertencia aos filhos de Efraim. 9 Desceu o termo desta até a torrente de Caná, para o sul da mesma. A Efraim pertenciam estas cidades entre as de Manassés. O termo de Manassés estava ao norte da torrente, e os seus extremos chegaram ao mar: 10 ao sul era de Efraim, ao norte era de Manassés, e o mar era o seu termo; estenderam-se até Aser, ao norte, e até Issacar, ao oriente. 11 Tinha 1Cr 7.29Manassés em Issacar e em Aser a Bete-Seã e suas vilas, e a Ibleão e suas vilas, e aos habitantes de Dor e suas vilas, e aos habitantes de En-Dor e suas vilas, e aos habitantes de Taanaque e suas vilas, e aos habitantes de Megido e suas vilas, a saber, os três Js 11.2;12.23outeiros. 12 Jz 1.27Contudo, os filhos de Manassés não puderam desapossar os habitantes daquelas cidades, mas o cananeus persistiram em habitar nessa terra. 13 Quando os filhos de Israel se tornaram fortes, Js 16.10sujeitaram os cananeus a trabalhos forçados e não os desapossaram de todo.
14 Falaram os filhos Nm 13.8de José a Josué, dizendo: Por que me deste apenas uma sorte e um quinhão por herança, sendo eu um povo grande, porquanto até aqui Jeová me tem abençoado? 15 Respondeu-lhes Josué: Se tu és povo grande, sobe ao bosque e ali corta para ti lugar, na terra dos ferezeus e dos refains, desde que a região montanhosa de Efraim te é estreita demais. 16 Tornaram os filhos de José: A região montanhosa não nos basta; e todos os cananeus que habitam na terra do vale têm Js 17.18;Jz 1.19;4.3,13carros de ferro, tanto os que estão em Bete-Seã e suas vilas, como os que estão no vale de Jezreel. 17 Falou Josué à casa de José, isto é, a Efraim e a Manassés, dizendo: Tu és povo grande e tens grandes forças; não terás tão somente uma sorte, 18 mas a região montanhosa será tua. Ainda que é bosque, cortá-lo-ás, e as suas extremidades serão tuas, porque desapossarás os cananeus, ainda que têm Js 17.16carros de ferro e ainda que são fortes.