1 လူအပေါင်းတို့သည် တစ်ယောက်မျှမကြွင်း ယော်ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊ 2 လူများတို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကို ရွေးကောက်၍၊ 3 သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ည စခန်းချရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊ 4 ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုး တစ်မျိုးတစ်ယောက်စီ၊ လူတစ်ဆယ်နှစ်ယောက်ကိုခေါ်၍၊ 5 သင်တို့ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ လူတစ်ယောက် ကျောက်တစ်လုံးစီယူ၍ ထမ်းသွားကြလော့။ 6 သို့ပြုလျှင် သက်သေကိုရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊ 7 သင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကိုကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဖို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊ 8 ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအားမိန့်တော်မူသည်နှင့်အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန်မြစ်ထဲက ကျောက်တစ်ဆယ်နှစ်လုံးကိုယူပြီးမှ၊ စခန်းချရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။ 9 တစ်ဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့ နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည်စိုက်ထား၍ ယနေ့တိုင်အောင်ရှိကြ၏။
10 ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အားဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ကူးကြ၏။ 11 လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီးမှ၊ ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူများမျက်မှောက်တွင်ကူးကြ၏။ 12 ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသားတစ်ဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက်ကိုစွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားကြ၏။ 13 ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။ 14 ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကိုချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကိုကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံး ကြောက်ရွံ့ကြ၏။
15 တစ်ဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ 16 ယော်ဒန်မြစ်ထဲက တက်လာရမည်အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ 17 ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပုရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။ 18 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲက တက်လာ၍၊ ခြေဖဝါးတို့သည် ကုန်းကိုနင်းမိကြသောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတစ်လျှောက်လုံးကို လျှံလျက်နေ၏။
19 ပထမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ 20 ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တစ်ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား၏။ 21 ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာလ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု အဘတို့အားမေးမြန်းလျှင်၊ 22 သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာလျှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။ 23 ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကိုကူး၍ ကမ်းတစ်ဖက်သို့ မရောက်မီတိုင်အောင်၊ 24 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည်နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတစ်ဖက်သို့မရောက်မီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။
1 Tendo toda a nação acabado de passar o Jordão, disse Jeová a Josué: 2 Js 3.12Tomai-vos do povo doze homens, de cada tribo um homem, 3 e ordenai-lhes, dizendo: Tirai daqui do meio do Jordão, do lugar em que os pés dos sacerdotes estiveram parados, doze pedras, e levai-as convosco para outra banda, e depositai-as Js 4.20no alojamento em que haveis de pousar esta noite. 4 Então, chamou Josué os doze homens que havia preparado dos filhos de Israel, um de cada tribo, 5 e disse-lhes: Passai adiante da arca de Jeová, vosso Deus, ao meio do Jordão e levantai para vós, cada um a sua pedra sobre o ombro, segundo o número das tribos dos filhos de Israel; 6 para que isso seja por sinal entre vós, de sorte que, Js 4.21;Êx 12.26;13.14quando vossos filhos no futuro perguntarem: Que vos significam estas pedras? 7 lhes respondereis: É porque as águas do Jordão foram cortadas diante da arca da Aliança de Jeová, quando ela o atravessava. Estas pedras serão para sempre como memorial aos filhos de Israel.
8 Fizeram os filhos de Israel assim como Josué ordenou e, segundo o número das tribos dos filhos de Israel, levantaram doze pedras do meio do Jordão, como Jeová falou a Josué. Levaram-nas consigo Js 4.20ao lugar em que pousaram e ali as depositaram. 9 Josué colocou também doze pedras no Jordão, no lugar em que pararam os pés dos sacerdotes que levavam a arca da Aliança; ali, se conservam até o dia de hoje. 10 Porque os sacerdotes que levavam a arca pararam no meio do Jordão até se cumprir tudo o que Jeová, por intermédio de Moisés, ordenou a Josué que falasse ao povo. Apressou-se o povo e passou. 11 Quando todo o povo acabou de passar, passou a arca, e os sacerdotes, na presença do povo. 12 Nm 32.17Os filhos de Rúben, e os filhos de Gade, e a meia tribo de Manassés passaram arregimentados adiante dos filhos de Israel, como Moisés lhes falou. 13 Uns quarenta mil homens armados em guerra passaram adiante de Jeová para a batalha, a Arabá de Jericó. 14 Js 3.7Nesse dia, engrandeceu Jeová a Josué à vista de todo o Israel; temiam-no, como temeram a Moisés, todos os dias da sua vida.
15 Falou Jeová a Josué: 16 Ordena aos sacerdotes que levam a arca do Testemunho que saiam do Jordão. 17 Então, ordenou Josué aos sacerdotes, dizendo: Saí do Jordão. 18 Quando os sacerdotes que levavam a arca da Aliança de Jeová saíram do meio do Jordão, e as plantas dos seus pés se puseram na terra seca, voltaram as águas ao seu lugar e trasbordaram todas as margens como dantes.
19 O povo saiu do Jordão aos Dt 1.3;34.8dez dias do primeiro mês e acampou-se em Gilgal, da banda oriental de Jericó. 20 Js 4.8As doze pedras que tiraram do Jordão, colocou-as Josué em Js 4.3,8Gilgal. 21 Disse aos filhos de Israel: Quando, no futuro, vossos filhos perguntarem a seus pais: Que significam estas pedras? 22 far-lhes-eis saber, dizendo: Israel passou Js 3.17a pé enxuto este Jordão. 23 Porque Jeová, vosso Deus, secou as águas do Jordão diante de vós, até que passastes, assim como fez ao mar Vermelho, ao qual secou perante nós, até que passamos; 24 para que todos os povos da terra conheçam que a mão de Jeová é poderosa, a fim de que temais em todo o tempo a Jeová, vosso Deus.