1 သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကိုသိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့သည် ပြစ်မှားသောအပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။ 2 ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကိုစေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့အနားမှာရှိသော အာဣမြို့သို့သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့ဟု မှာထားသည်အတိုင်း သူတို့သည်သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်၊ 3 ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက်သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည်မများပါဟု လျှောက်သည်နှင့်အညီ၊ 4 လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့ရှေ့မှာ ပြေးရကြ၏။ 5 အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိမ်အရပ်တိုင်အောင်လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံကြသောကြောင့်၊ လူများတို့၏စိတ်နှလုံးသည် အရည်ကျို၍ ရေကဲ့သို့ဖြစ်လေ၏။ 6 ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ညဉ့်ဦးတိုင်အောင် ဝပ်လျက်နေကြ၏။ 7 ယောရှုကလည်း၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့အပ်၍ ဖျက်ဆီးစေခြင်းငှာ ယော်ဒန်မြစ်တစ်ဖက်သို့ အဘယ်ကြောင့်ဆောင်ခဲ့တော်မူသနည်း။ အကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ်ရှိ၍ ယော်ဒန်မြစ်အရှေ့ဘက်၌ နေကြပါစေသော။ 8 အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။ 9 ခါနနိလူ အစရှိသော ဤပြည်သူပြည်သားအပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အကျွန်ုပ်တို့ကိုဝိုင်း၍ အကျွန်ုပ်တို့၏နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါလိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို၏။
10 ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။ 11 ဣသရေလအမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သောအရာကို ခိုးယူ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာထားလေပြီ။ 12 ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ်သောသူဖြစ်သောကြောင့်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်၊ ကျောကိုလှည့်ရကြ၏။ ကျိန်အပ်သောသူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။ 13 ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သောအရာသည် သင်တို့အထဲ၌ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။ 14 နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက်ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအဆွေအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရားမှတ်တော်မူသောအိမ်ထောင်သည် လူအသီးအသီးချဉ်းကပ်ရကြမည်။ 15 ကျိန်အပ်သောအရာပါလျက် မှတ်တော်မူသောသူမှစ၍၊ သူ၌ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ပဋိညာဉ်တရားကိုဖျက်၍ ဣသရေလအမျိုး၌ အဓမ္မအမှုကိုပြုလေပြီဟု ယောရှုအား မိန့်တော်မူ၏။
16 နံနက်စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုးကို မှတ်တော်မူ၏။ 17 ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိအဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ၏။ 18 ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။ 19 ယောရှုကလည်း၊ ငါ့သား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ပါလော့။ သင်ပြုမိသောအမှုကို ငါ့အားပြောပါလော့။ ဝှက်၍မထားပါနှင့်ဟု အာခန်အားဆိုလျှင်၊ 20 အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊ 21 လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည်အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။ 22 ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌မြှုပ်လျက်၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော်၊ 23 တဲထဲကထုတ်၍ ယောရှုထံ ဣသရေလအမျိုးသားများရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ထားကြ၏။ 24 ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဇေရသားအာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ဆောင်သွားပြီးမှ၊ 25 ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ယှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ယှက်တော်မူမည်ဟုဆိုသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြ၏။ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။ 26 သူ့အပေါ်၌ များစွာသောကျောက်တို့ကို ပုံထားကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကိုအစွဲပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ်ဝေါ်ကြသတည်း။
1 Js 6.17-19Mas os filhos de Israel cometeram uma transgressão no tocante ao anátema, pois Acã, filho de Carmi, filho de Zabdi, filho de Zera, da tribo de Judá, tomou do anátema. A ira de Jeová acendeu-se contra os filhos de Israel.
2 De Jericó enviou Josué homens a Ai, que está junto a Js 18.12;1Sm 13.5;14.23Bete-Áven, ao oriente de Betel, e disse-lhes: Subi e espiai a terra. Subiram e espiaram a Ai. 3 Tendo voltado a Josué, disseram-lhe: Não suba todo o povo, mas subam uns dois ou três mil homens e destruam Ai. Não faças todo o povo ir para lá, fatigando-o, pois são poucos. 4 Assim, subiram lá do povo uns três mil homens, que fugiram diante dos de Ai. 5 Os homens de Ai feriram deles a uns trinta e seis e, tendo-o perseguido desde a porta até Sebarim, feriram-nos na descida. O coração do povo derreteu-se e tornou-se como água.
6 Josué, pois, Jó 2.12;42.6rasgou os seus vestidos e, com os anciãos de Israel, prostrou-se com o rosto em terra, diante da arca de Jeová até a tarde; e Lm 2.10;Ap 18.19puseram pó sobre as suas cabeças. 7 Josué disse: Ah! Senhor Deus, por que fizeste a todo este povo passar o Jordão, para nos entregar nas mãos dos amorreus, a fim de nos perderes? Oxalá que tivéssemos ficado contentes e tivéssemos permanecido além do Jordão! 8 Ah! Senhor, que direi, depois que Israel voltou as costas diante dos seus inimigos? 9 Êx 32.12;Dt 9.28Pois os cananeus e todos os habitantes da terra o ouvirão e, cercando-nos, exterminarão da terra o nosso nome. Que farás por teu grande nome?
10 Respondeu Jeová a Josué: Levanta-te! Por que estás assim prostrado com o rosto em terra? 11 Israel pecou e Js 6.18-19transgrediu a minha aliança, que lhe ordenei; tomaram do anátema, furtaram, dissimularam e o esconderam na sua bagagem. 12 Por isso, os filhos de Israel não podem resistir aos seus inimigos; voltam as costas diante deles, porque se fizeram anátema. Não serei mais convosco, se não tirardes dentre vós o anátema, destruindo-o. 13 Levanta-te, Js 3.5santifica ao povo e dize: Santificai-vos para amanhã, pois assim diz Jeová, Deus de Israel: Js 6.18Há um anátema no meio de ti, ó Israel; não poderás resistir aos teus inimigos, enquanto não tirares do meio de ti o anátema. 14 Pela manhã, vos chegareis pelas vossas tribos; a tribo que Jeová tomar, se chegará pelas famílias; a família que Jeová tomar, se chegará pelas casas; e a casa que Jeová tomar, se chegará homem por homem. 15 Aquele que for achado com o anátema será queimado, e, com ele, tudo o que lhe pertence, porque transgrediu a aliança de Jeová e porque cometeu uma loucura em Israel.
16 Levantando-se Josué de madrugada, fez chegar a Israel pelas suas tribos; e caiu a sorte sobre a tribo de Judá. 17 Fazendo chegar a família de Judá, caiu sobre a família dos zeraítas; fazendo chegar a família dos zeraítas homem por homem, caiu sobre Zabdi; 18 e, fazendo chegar a casa deste, homem por homem, caiu sobre Acã, filho de Carmi, filho de Zabdi, filho de Zera, da tribo de Judá. 19 Então, disse Josué a Acã: Filho meu, dá glória a Jeová, Deus de Israel, e confessa-lhe. Declara-me, agora, o que fizeste; não mo ocultes. 20 Respondeu Acã a Josué: Na verdade, eu pequei contra Jeová, Deus de Israel, e fiz assim e assim: 21 quando vi entre os despojos uma boa capa babilônica, e duzentos siclos de prata, e uma cunha de ouro do peso de cinquenta siclos, movido de cobiça, os tomei. Eis que estão escondidos na terra, no meio da minha tenda, e a prata, por baixo.
22 Enviou Josué mensageiros, que foram correndo à tenda. Eis que a capa estava escondida ali, e a prata, por baixo. 23 Tirando essas coisas do meio da tenda, trouxeram-nas a Josué e a todos os filhos de Israel e puseram-nas diante de Jeová. 24 Josué e todo o Israel tomaram a Acã, filho de Zera, e a prata, e a capa, e a cunha de ouro, e seus filhos, e suas filhas, e os seus bois, e os seus jumentos, e as suas ovelhas, e a sua tenda e tudo o que tinha; e trouxeram-nos ao Js 15.7vale de Acor. 25 Disse Josué: Por que nos Js 6.18perturbaste? Jeová te perturbará neste dia. Todo o Israel o apedrejou; queimaram-nos e os apedrejaram. 26 Levantaram sobre ele um grande montão de pedras, que permanece até o dia de hoje; e Jeová apagou o ardor da sua ira. Pelo que se ficou chamando aquele lugar até hoje Is 65.10;Os 2.15o vale de Acor.