1 ထိုအခါပရောဖက်ဧလိရှဲသည် ပရောဖက်အမျိုးသားတစ်ယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်းလော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။ 2 ရောက်သောအခါ၊ နိမ်ရှိသား ယောရှဖတ်၏သားယေဟုကိုရှာ၍ သူ့ထံသို့ဝင်လျက်၊ သူ့ကို သူ၏အပေါင်းအဖော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ခေါ်ပြီးလျှင်၊ 3 ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲပြေးလော့ဟု မှာထားလေ၏။ 4 ထိုပရောဖက်အမျိုးသား လုလင်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့သွား၏။ 5 ရောက်သောအခါ၊ ဗိုလ်မင်းတို့သည် အတူထိုင်လျက်ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအားပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ပြန်ဆို၏။ 6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည်သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။၃ရာ၊၁၉:၁၆။7 ငါ့ကျွန်ပရောဖက်တို့ကိုသတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သောအပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည်အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။ 8 အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်းငှာ၊ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကိုငါပယ်ဖြတ်မည်။ 9 အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့လည်းကောင်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့လည်းကောင်း ဖြစ်စေမည်။ 10 ယေဇဗေလကို သင်္ဂြိုဟ်သောသူ မရှိ။ ယေဇရေလမြေကွက်၌၊ ခွေးတို့သည် သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။၃ရာ၊၂၁:၂၃။11 ထိုအခါ ယေဟုသည် မိမိသခင်၏ကျွန်တို့ရှိရာသို့ ထွက်၍၊ တစ်ယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကိုလည်းကောင်း၊ သူပြောသော စကားကိုလည်းကောင်း သိကြ၏ဟုဆိုသော်၊ 12 သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန်သော်၊ ယေဟုက၊ ထိုသူသည် ဤမည်သောစကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊ 13 သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီးအသီး မိမိတို့ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာ ခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ၏ဟုတံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
14 ထိုသို့ နိမ်ရှိသားယောရှဖတ်၏သားယေဟုသည် ယောရံမင်းတစ်ဖက်သင်း ဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူအပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက်ကြ၏။ 15 သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင်ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှာ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သတင်းကြားပြောရသောသူ တစ်စုံတစ်ယောက်ကိုမျှ မြို့ထဲကမထွက်မသွားစေနှင့်ဟု စီရင်၏။ 16 ထိုသို့ ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေသောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှာ ရောက်လာပြီ။ 17 ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သောသူသည် ရပ်လျက်၊ ယေဟုနှင့်လိုက်လာသော အလုံးအရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင်သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှာသွား၍ ငြိမ်သက်ခြင်းရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီးသူရဲတစ်ယောက်ကို စေလွှတ်သည်အတိုင်း၊ 18 မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှာသွား၍၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကိုပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ရောက်၍ ပြန်မလာပါဟုဆိုသော်၊ 19 ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲတစ်ယောက်ကို စေလွှတ်ပြန်၍၊ သူသည် ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟု ဆို၏။ 20 စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသားယေဟုနှင်တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါသည်ဟုဆို၏။ 21 ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင်လော့ဟု ဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင် ယောရံနှင့် ယုဒရှင်ဘုရင်အာခဇိတို့သည် ရထားတော်တစ်ခုစီစီးလျက် ယေဟုကို ဆီးကြိုမည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏မြေကွက်တွင် တွေ့ကြ၏။ 22 ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက၊ သင့်အမိယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသောအမှု များသောကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက်ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊ 23 ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟုဆိုလျက် လှည့်၍ပြေး၏။ 24 ယေဟုသည်လည်း လေးကိုတင်၍ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာ မှန်၏။ မြားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာလဲနေ၏။ 25 ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့သား နာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။ 26 အကယ်စင်စစ် နာဗုတ်အသွေး၊ သူ့သားတို့၏အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့်အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှူးဗိဒကကို ဆို၏။၃ရာ၊၂၁:၁၉။
27 ထိုအမှုကို ယုဒရှင်ဘုရင်အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားသောလမ်းတွင် ပြုကြသဖြင့်၊ သူသည် မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။ 28 သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။ 29 ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
30 ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှုလျက်နေ၏။ 31 ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇဗေလက၊ မိမိသခင်ကိုသတ်သော ဇိမရိသည် ချမ်းသာရသလောဟု မေးလျှင်၊ 32 ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာအဘယ်သူနေသနည်း။ အဘယ်သူဟု မေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။ 33 ယေဟုက၊ သူ့ကိုတွန်းချလိုက်ဟု ဆိုသည်အတိုင်း တွန်းချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံအပေါ်၌လည်းကောင်း၊ မြင်းတို့အပေါ်၌လည်းကောင်း စဥ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊ 34 စားသောက်ပြီးမှ၊ ထိုကျိန်အပ်သောမိန်းမသည် ရှင်ဘုရင်သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ်လော့ဟု ဆိုသည်အတိုင်း၊ 35 သင်္ဂြိုဟ်ခြင်းငှာ သွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာတွေ့သောကြောင့်၊ တစ်ဖန်လာ၍ ကြားလျှောက်ကြ၏။ 36 ယေဟုက၊ ယေဇရေလမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရဘုရားသည် မိမိကျွန်တိရှဘိမြို့သား ဧလိယအားဖြင့် မိန့်တော်မူသောစကားတော်သည် ဤသို့ပြည့်စုံပြီ။၃ရာ၊၂၁:၂၃။37 သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်းဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏အလောင်းသည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။
1 Allora il profeta Eliseo chiamò uno dei discepoli dei profeti, e gli disse: "Cingiti i fianchi, prendi con te questo vasetto d’olio, e va’ a Ramot di Galaad. 2 Quando sarai arrivato, cerca di vedere Ieu, figlio di Ieosafat, figlio di Nimsi; entra, fallo alzare in mezzo ai suoi fratelli, e conducilo in una camera appartata. 3 Poi prendi il vasetto d’olio, versaglielo sul capo, e digli: ‘Così dice l’Eterno: Io ti ungo re d’Israele’. Poi apri la porta e fuggi senza indugiare". 4 Così quel giovane, il servo del profeta, partì per Ramot di Galaad. 5 E, quando fu giunto, ecco che i capitani dell’esercito stavano seduti assieme; e disse: "Capitano, ho una parola da dirti". Ieu chiese: "A chi di tutti noi?". Egli rispose: "A te, capitano". 6 Ieu si alzò, ed entrò in casa; e il giovane gli versò l’olio sul capo, dicendogli: "Così dice l’Eterno, l’Iddio d’Israele: ‘Io ti ungo re del popolo dell’Eterno, re d’Israele. 7 Tu colpirai la casa di Acab, tuo signore, e io farò vendetta del sangue dei profeti miei servi, e del sangue di tutti i servi dell’Eterno, sopra Izebel; 8 e tutta la casa di Acab perirà, e io sterminerò dalla casa di Acab fino all’ultimo uomo, tanto chi è schiavo quanto chi è libero in Israele. 9 Ridurrò la casa di Acab come la casa di Geroboamo, figlio di Nebat, e come la casa di Baasa, figlio di Aiia. 10 E i cani divoreranno Izebel nel campo d’Izreel, e non ci sarà chi le dia sepoltura’". Poi il giovane aprì la porta, e fuggì. 11 Quando Ieu uscì per raggiungere i servi del suo signore, gli dissero: "Va tutto bene? Perché quel pazzo è venuto da te?". Egli rispose loro: "Voi conoscete l’uomo e i suoi discorsi!". 12 Ma quelli dissero: "Non è vero! Su, diccelo!". Ieu rispose: "Egli mi ha parlato così e così, e mi ha detto: ‘Così dice l’Eterno: Io ti ungo re d’Israele’". 13 Allora ognuno di loro si affrettò a togliersi il proprio mantello, e a stenderlo sotto Ieu su per i nudi gradini; poi suonarono la tromba, e dissero: "Ieu è re!".
14 E Ieu, figlio di Ieosafat, figlio di Nimsi, ordì una congiura contro Ioram. - Ioram, con tutto Israele, stava difendendo Ramot di Galaad contro Azael, re di Siria, 15 ma il re Ioram era tornato a Izreel per farsi curare le ferite che aveva ricevuto dai Siri, combattendo contro Azael, re di Siria. - E Ieu disse: "Se siete d’accordo, nessuno esca e fugga dalla città per andare a portare la notizia a Izreel". 16 Poi Ieu montò sopra un carro e partì per Izreel, perché Ioram si trovava là, a letto; e Acazia, re di Giuda, era sceso per visitare Ioram. 17 La sentinella che stava sulla torre di Izreel, scorse la schiera numerosa di Ieu che arrivava, e disse: "Vedo una schiera numerosa!". Ioram disse: "Prendi un cavaliere, e mandalo incontro a loro a dire: ‘Portate pace?’". 18 Un uomo a cavallo andò dunque incontro a Ieu, e gli disse: "Così dice il re: ‘Portate pace?’". Ieu rispose: "Che importa a te della pace? Passa dietro a me". E la sentinella fece il suo rapporto, dicendo: "Il messaggero è giunto fino a loro, ma non torna indietro". 19 Allora Ioram mandò un secondo cavaliere che, giunto da loro, disse: "Così dice il re: ‘Portate pace?’". Ieu rispose: "Che importa a te della pace? Passa dietro a me". 20 E la sentinella fece il suo rapporto, dicendo: "Il messaggero è giunto fino a loro, e non torna indietro. A vederlo guidare, si direbbe che è Ieu, figlio di Nimsi; perché guida come un pazzo". 21 Allora Ioram disse: "Allestite il carro!". E gli allestirono il carro. E Ioram, re d’Israele, e Acazia, re di Giuda, uscirono ciascuno sul suo carro per andare incontro a Ieu, e lo trovarono nel campo di Nabot d’Izreel. 22 E quando Ioram vide Ieu, gli disse: "Ieu, porti pace?". Ieu rispose: "Che pace ci può essere finché durano le prostituzioni di Izebel, tua madre, e le sue tante stregonerie?". 23 Allora Ioram voltò indietro e si diede alla fuga, dicendo ad Acazia: "Siamo traditi, Acazia!". 24 Ma Ieu impugnò l’arco e colpì Ioram fra le spalle, in modo che la freccia gli uscì per il cuore, ed egli stramazzò nel suo carro. 25 Poi Ieu disse a Bidcar, suo aiutante: "Prendilo, e buttalo nel campo di Nabot d’Izreel; poiché, ricorda, quando io e te cavalcavamo insieme al seguito di Acab, suo padre, l’Eterno pronunciò contro di lui questa sentenza: 26 ‘Com’è vero che ieri vidi il sangue di Nabot e il sangue dei suoi figli’, dice l’Eterno, ‘io ti renderò il contraccambio qui in questo campo, dice l’Eterno!’. Prendilo dunque e buttalo in questo campo, secondo la parola dell’Eterno". 27 Visto ciò, Acazia, re di Giuda, fuggì per la strada della casa del giardino; ma Ieu lo seguì, e disse: "Tirate anche a lui sul carro!". E lo colpirono alla salita di Gur, che è vicino a Ibleam. E Acazia fuggì a Meghiddo e là morì. 28 I suoi servi lo trasportarono sopra un carro a Gerusalemme, e lo seppellirono nel suo sepolcro, con i suoi padri, nella città di Davide. - 29 Acazia aveva cominciato a regnare sopra Giuda l’undicesimo anno di Ioram, figlio di Acab.
30 Poi Ieu giunse a Izreel. Izebel, che lo seppe, si truccò gli occhi, si acconciò il capo, e si mise alla finestra a guardare. 31 Mentre Ieu entrava per la porta della città, lei gli disse: "Porti pace, nuovo Zimri, assassino del tuo signore?". 32 Ieu alzò gli occhi verso la finestra, e disse: "Chi è per me? chi?". E due o tre eunuchi si affacciarono, volsero lo sguardo verso di lui. 33 Egli disse: "Buttatela giù!". Loro la buttarono; e il suo sangue schizzò contro il muro e contro i cavalli. Ieu le passò sopra, calpestandola; 34 poi entrò, mangiò e bevve, quindi disse: "Andate a vedere quella maledetta donna e sotterratela, poiché è figlia di re". 35 Andarono dunque per sotterrarla, ma non trovarono di lei altro che il cranio, i piedi e le palme delle mani. 36 E tornarono a riferire la cosa a Ieu, il quale disse: "Questa è la parola dell’Eterno pronunciata per mezzo del suo servo Elia il Tisbita, quando disse: ‘I cani divoreranno la carne di Izebel nel campo d’Izreel; 37 e il cadavere di Izebel sarà, nel campo d’Izreel, come letame sulla superficie del suolo, in modo che non si potrà dire: Questa è Izebel’".