1 ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။- 2 စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။-တရား၊ ၃၂:၄၃။ ၄ရာ၊၉:၇။3 တစ်ဖန်တုံ၊ ဟာလေလုယဟူ၍လည်းကောင်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည် ဟူ၍လည်းကောင်း ပြောဆိုကြ၏။-ဟေရှာ၊ ၃၄:၁၀။4 အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပျပ်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
5 ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။ဆာ၊ ၁၁၅:၁၃။
6 တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။-ဆာ၊ ၉၃:၁၊၉၇:၁၊၉၉:၁။7 ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။- 8 ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။- 9 ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။-မ၊ ၂၂:၂-၃။10 ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ ခြေရင်း၌ ပျပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဖက် ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏သက်သေ ဖြစ်သတည်းဟု ငါ့အားပြောဆို၏။
11 ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိ သတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။-ဆာ၊ ၉၆:၁၃။ ဟေရှာ၊၁၁:၄။12 မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။- 13 အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။- 14 ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။- 15 လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။-ဆာ၊ ၂:၉။ ဟေရှာ၊ ၆၃:၃။ ယောလ၊ ၃:၁၃။ ဗျာ၊ ၁၄:၂၀။16 ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။
17 ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာ ရပ်လျက်ရှိသည်ကို ငါမြင်၏။-ယေဇ၊ ၃၉:၁၇-၂၀။18 သူသည် မိုးကောင်းကင်အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှာ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။- 19 သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကို ငါမြင်၏။- 20 သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။-ဗျာ၊ ၁၃:၁-၁၈။21 ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။
1 Depois disso, ouvi no céu uma como Ap 19.6;Ap 11.15; cp.Jr 51.48grande voz de uma imensa multidão dizendo:
Ap 19.3-4,6;Sl 104.35, etc.Aleluia! Ap 7.10A salvação, e cp.Ap 4.11a glória, e o poder pertencem a nosso Deus,
2 porque Ap 16.7verdadeiros e justos são os seus cp.Ap 6.10juízos; pois ele condenou a Ap 17.1grande prostituta que corrompia a terra com a sua fornicação e, das mãos dela Ap 18.20;16.6;Dt 32.43;2Rs 9.7vingou o sangue dos seus servos. 3 Outra vez disseram: Aleluia! Ap 14.11O fumo dela sobe pelos séculos dos séculos. 4 Então, os Ap 4.4,10vinte e quatro anciãos e Ap 4.6as quatro criaturas viventes Ap 4.10prostraram-se e adoraram a Deus, que está sentado sobre o trono, dizendo: Ap 5.14; cp.Sl 106.48Amém! Ap 19.3,6;Sl 104.35, etc.Aleluia! 5 Saiu do trono uma voz, dizendo:
Sl 134.1;135.1Dai louvores a nosso Deus, todos vós os seus servos Ap 11.18e os que o temeis, pequenos e grandes.
6 Ouvi uma voz como Ap 19.1;Ap 11.15; cp.Jr 51.48a voz de uma grande multidão, e como Ap 1.15a voz de muitas águas, e como Ap 6.1a voz de fortes trovões, dizendo:
Aleluia! Porque cp.Ap 1.8o Senhor, nosso Deus, o Todo-Poderoso, reina.
7 Alegremo-nos, e exultemos, Ap 11.13e demos-lhe a glória, porque Ap 19.9;Mt 22.2;25.10;Lc 12.36, etc.;Jo 3.29;Ef 5.23,32são chegadas as bodas do Cordeiro, Ap 21.2; cp.Mt 1.20;Ap 21.9e sua esposa já se preparou, 8 e foi-lhe permitido vestir-se de Ap 19.14; cp.15.6linho finíssimo, resplandecente e puro. Pois o linho finíssimo são cp.Ap 15.4os atos da justiça dos santos. 9 cp.Ap 19.10;Ap 17.1Disse-me ele: cp.Ap 1.19Escreve: Lc 14.15; cp.22.16Bem-aventurados os que têm sido chamados à ceia das bodas do Cordeiro. Disse-me ainda: cp.Ap 17.17;21.5;22.6Estas são verdadeiras palavras de Deus. 10 Então, Ap 22.8prostrei-me ante os seus pés para o adorar. Ap 22.9;At 10.26Ele me disse: Vê, não faças tal; Ap 1.1s.sou servo contigo e com teus irmãos Ap 12.17que guardam o testemunho de Jesus; adora a Deus. Pois o testemunho de Jesus é o espírito da profecia.
11 Vi cp.Ap 4.1;Jo 1.51o céu aberto e um Ap 19.19,21;Ap 6.2cavalo branco. O que estava montado sobre ele chamava-se Ap 3.14Fiel e Verdadeiro, e, com Is 11.4justiça, julga, e peleja. 12 Os seus Ap 1.14olhos eram chama de fogo, e na sua cabeça estavam muitos cp.Ap 6.2;12.3diademas; tinha um Ap 19.16;Ap 2.17nome escrito que ninguém sabe, senão ele mesmo. 13 Vestia Is 63.3uma capa imersa no sangue, e o seu nome se chama Jo 1.1o Verbo de Deus. 14 Os exércitos que estão no céu seguiam-no montados em cavalos brancos e vestidos de linho finíssimo, cp.Ap 3.4;Ap 19.8branco e puro. 15 Ap 1.16;Ap 19.21Da sua boca saía uma espada afiada para cp.Is 11.4;2Ts 2.8com ela ferir as nações; ele Ap 2.27as regerá com uma vara de ferro e ele Ap 14.19-20é o que pisa o lagar do vinho do furor da ira do Deus Todo-Poderoso. 16 Ele traz sobre a sua capa e sobre a sua coxa este nome escrito: Ap 17.14REI DOS REIS E SENHOR DOS SENHORES.
17 Vi um anjo em pé no sol. Ele clamou em alta voz Ap 19.21a todos os pássaros que voam Ap 8.13pelo meio do céu: Jr 12.9;Ez 39.17; cp.1Sm 17.44Vinde, reuni-vos para a cp.Is 34.6;Jr 46.10grande ceia de Deus, 18 para cp.Ez 39.18-20comerdes carnes de reis, e carnes de quiliarcas, e carnes de poderosos, e carnes de cavalos, e dos que estão montados sobre eles, e carnes de todos os homens, cp.Ap 6.15livres e escravos, Ap 11.18;13.16; cp.Ap 19.5pequenos e grandes.
19 Vi Ap 11.7; vd.13.1a besta, e Ap 16.14,16os reis da terra, e os seus exércitos reunidos para fazerem guerra àquele que Ap 19.11,21estava montado sobre o cavalo e ao seu exército. 20 A besta foi presa, e, com ela, Ap 16.13o falso profeta que Ap 13.13fez os milagres Ap 13.12diante dela, com os quais Ap 13.14seduziu aos que receberam Ap 13.16s.a marca da besta e que Ap 13.15;19.12adoraram a sua imagem; esses dois foram lançados vivos no Ap 20.10,14s.;21.8lago do Ap 14.10; cp.Is 30.33;Dn 7.11fogo que arde com enxofre. 21 Os outros foram mortos pela espada que Ap 19.15saía da boca daquele que Ap 19.11,19estava montado sobre o cavalo; Ap 19.17e todas as aves se fartaram das carnes deles.