1 ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။ 2 နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကိုသိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။ 3 လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။ရော၊ ၃:၁၀-၁၂။
4 မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ထာဝရဘုရားကိုပတ္ထနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။ 5 သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သောလူမျိုးဘက်၌ ရှိတော်မူ၏။ 6 နှိမ့်ချလျက်ရှိသောသူသည် ထာဝရဘုရားကိုခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။ 7 ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တစ်ဖန် ထာဝဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်။
1 Dem Vorsänger. Von David.Der Tor Auch: der gemeine, gottlose Mensch spricht O. hat gesprochen in seinem Herzen: Es ist kein Gott! Sie haben verderbt gehandelt, sie haben abscheulich getan; da ist keiner, der Gutes tue. 2 Jehova hat vom Himmel herniedergeschaut auf die Menschenkinder, um zu sehen, ob ein Verständiger da sei, einer, der Gott suche. 3 Alle sind abgewichen, sie sind allesamt verderbt; da ist keiner, der Gutes tue, auch nicht einer.
4 Haben keine Erkenntnis alle, die Frevel tun, die mein Volk fressen, als äßen sie Brot? Jehova rufen sie nicht an. 5 Da überfiel sie ein Schrecken, denn Gott ist unter dem gerechten Geschlecht. 6 Ihr machet zum Hohn den Ratschlag des Elenden, weil Jehova seine Zuflucht ist. O. doch Jehova ist seine Zuflucht7 O daß aus Zion die Rettung Israels da wäre! Wenn Jehova die Gefangenschaft seines Volkes wendet, soll Jakob frohlocken, Israel sich freuen.