1 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။
2 ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံသောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။ 3 မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည်ဖြစ်၍၊ မြေကြီးတည်သောတိုင်တို့ကို ငါထောက်ခံရ၏။ 4 မိုက်သောအကျင့်ကို မကျင့်ကြနှင့်ဟု မိုက်သောသူတို့အားလည်းကောင်း၊ ဦးချိုကို မမြှောက်ကြနှင့်။ 5 သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည်ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့အားလည်းကောင်း ငါပြောထား၏။ 6 အရှေ့၊ အနောက်၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှကျေးဇူးမပြုနိုင်။ 7 ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။ တစ်ယောက်ကိုနှိမ့်ချ၍၊ တစ်ယောက်ကို ချီးမြှောက်တော်မူ၏။ 8 ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့် ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကိုလည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍သောက်ရကြ၏။ 9 ငါမူကား အစဉ်မပြတ်ချီးမွမ်း၍၊ ယာကုပ်အမျိုး၏ဘုရားသခင်ကို ထောမနာသီချင်းဆိုပါမည်။ 10 မတရားသောသူတို့၏ ဦးချိုအပေါင်းကို ငါချိုးမည်။ တရားသောသူ၏ ဦးချိုတို့မူကား၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည်။
1 Dem Vorsänger, "Verdirb nicht!" Ein Psalm von Asaph, ein Lied.Wir preisen dich, o Gott, wir preisen dich; und nahe ist dein Name, deine Wundertaten verkündigen es. O. ihn; od. man erzählt deine Wundertaten2 "Wenn ich die Versammlung empfangen werde, O. Wenn ich die bestimmte Zeit erreichen (W. erfassen) werde will ich in Geradheit richten. 3 Zerschmolzen sind die Erde und alle ihre Bewohner: Ich habe ihre Säulen festgestellt." (Sela.) 4 Ich sprach zu den Übermütigen: Seid nicht übermütig! und zu den Gesetzlosen: Erhebet nicht das Horn! 5 Erhebet nicht hoch euer Horn; redet nicht Freches mit gerecktem Halse!
6 Denn nicht von Osten, noch von Westen, und nicht von Süden her W. von der Wüste her; die Wüste liegt südlich von Palästina kommt Erhöhung. 7 Denn Gott ist Richter; diesen erniedrigt er, und jenen erhöht er. 8 Denn ein Becher ist in der Hand Jehovas, und er schäumt von Wein, ist voll von Würzwein, und er schenkt daraus: ja, seine Hefen müssen schlürfend trinken alle Gesetzlosen der Erde. 9 Ich aber, ich will es verkünden ewiglich, will Psalmen singen dem Gott Jakobs. 10 Und alle Hörner der Gesetzlosen werde ich abhauen; es werden erhöht werden die Hörner der Gerechten.