1 ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အဘိနဒပ်အိမ်၌ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှာ၊ သူ၏သားဧလာဇာကို သန့်ရှင်းစေကြ၏။၂ရာ၊ ၆:၂-၄။ ၅ရာ၊၁၃:၅-၇။
2 သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ရှိစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကိုအောက်မေ့၍ မြည်တမ်းကြ၏။
3 တစ်ဖန် ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆုံးမသည်အတိုင်း၊ 4 ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ 5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊ 6 သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝရဘုရားရှေ့တော်၌သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကိုကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။
7 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊ 8 ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဖို့ အစဉ်မပြတ်ဆုတောင်းပါလော့ဟု ဆိုကြ၏။ 9 ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအားတစ်ကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဖို့ ဆုတောင်း၍ ထာဝရဘုရားနားထောင်တော်မူ၏။ 10 ရှမွေလသည် မီးရှို့ရာယဇ်ကိုပူဇော်စဉ်အခါ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကိုတိုက်ခြင်းငှာ ချဉ်းလာကြ၏။ ထာဝရဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာမိုးချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ၏။ 11 ဣသရေလလူတို့သည် မိဇပါမြို့မှထွက်၍ ဖိလိတ္တိလူတို့ကိုလုပ်ကြံလျက်၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ၏။ 12 ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ၏။ 13 ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တစ်ဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတားတော်မူ၏။ 14 ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့်နေကြ၏။ 15 ရှမွေလသည် တစ်သက်လုံး ဣသရေလအမျိုးကိုအုပ်စိုးလေ၏။ 16 ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလအမျိုး၌စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ၏။ 17 ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်လျက်နေလေ၏။
1 Quelli di Chiriat-Iearim vennero a prendere l’arca dell’Eterno, e la trasportarono in casa di Abinadab, sulla collina, e consacrarono suo figlio Eleazar, perché custodisse l’arca dell’Eterno.
2 Dal giorno che l’arca era stata collocata a Chiriat-Iearim era passato molto tempo; erano trascorsi vent’anni e tutta la casa d’Israele alzò grida di lamento verso l’Eterno. 3 Allora Samuele parlò a tutta la casa d’Israele dicendo: "Se tornate all’Eterno con tutto il vostro cuore, togliete di mezzo a voi gli dèi stranieri e gli idoli di Astarte, volgete risolutamente il vostro cuore verso l’Eterno, e servite lui solo; allora egli vi libererà dalle mani dei Filistei". 4 E i figli d’Israele tolsero via gli idoli di Baal e di Astarte, e servirono soltanto l’Eterno. 5 Poi Samuele disse: "Radunate tutto Israele a Mispa, e io pregherò l’Eterno per voi". 6 Ed essi si adunarono a Mispa, attinsero dell’acqua e la sparsero davanti all’Eterno, e là digiunarono quel giorno, e dissero: "Abbiamo peccato contro l’Eterno". E Samuele fu giudice d’Israele a Mispa. 7 Quando i Filistei seppero che i figli d’Israele si erano radunati a Mispa, i loro prìncipi salirono contro Israele. Quando i figli d’Israele udirono ciò, ebbero paura dei Filistei, 8 e dissero a Samuele: "Non cessare di gridare per noi all’Eterno, al nostro Dio, affinché ci liberi dalle mani dei Filistei". 9 E Samuele prese un agnello da latte e l’offrì intero in olocausto all’Eterno; e gridò all’Eterno per Israele, e l’Eterno l’esaudì. 10 Ora mentre Samuele offriva l’olocausto, i Filistei si avvicinarono per assalire Israele; ma l’Eterno tuonò quel giorno con grande fragore contro i Filistei e li mise in rotta, tanto che furono sconfitti davanti a Israele. 11 Gli uomini d’Israele uscirono da Mispa, inseguirono i Filistei, e li batterono fin sotto Bet-Car. 12 Allora Samuele prese una pietra, la pose tra Mispa e Sen, e la chiamò Eben-Ezer dicendo: "Fin qui l’Eterno ci ha soccorso". 13 I Filistei furono umiliati e non tornarono più a invadere il territorio d’Israele; e la mano dell’Eterno fu contro i Filistei per tutto il tempo di Samuele. 14 Le città che i Filistei avevano preso a Israele tornarono a Israele, da Ecron fino a Gat. Israele liberò il loro territorio dalle mani dei Filistei. Ci fu pace fra Israele e gli Amorei. 15 E Samuele fu giudice d’Israele per tutto il tempo della sua vita. 16 Egli andava ogni anno a fare il giro di Betel, di Ghilgal e di Mispa, ed esercitava il suo ufficio di giudice d’Israele in tutti quei luoghi. 17 Poi tornava a Rama, dove abitava; là giudicava Israele e là costruì un altare all’Eterno.