1 ရှမွေလကလည်း၊ သင်တို့ပြောသမျှသောစကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။ 2 ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့သည် သင်တို့၌ရှိကြ၏။ ငါသည် ငယ်သောအရွယ်မှစ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။ 3 ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏နွားကို ငါယူဖူးပြီနည်း။ အဘယ်သူ၏ မြည်းကိုယူဖူးပြီနည်း။ အဘယ်သူကို လှည့်စားဖူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဖူးပြီနည်း။ ကိုယ်မျက်စိကို ကွယ်စေခြင်းငှာ အဘယ်သူလက်မှ တံစိုးကိုခံဖူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသောသူရှေ့မှာ ငါ့တစ်ဖက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊ 4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ဥစ္စာကိုမျှမယူပါဟု ပြောဆိုကြ၏။ 5 ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတစ်ပါး၏ဥစ္စာကို ရှာ၍မတွေ့ကြောင်းကို ထာဝရဘုရားသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ဟုဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။ 6 တစ်ဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။ထွ၊ ၆:၂၆။7 ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရားသဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရားရှေ့တော်မှာ သင်တို့အား ငါဆွေးနွေးဟောပြောမည်။ 8 ယာကုပ်သည် အဲဂုတ္တုပြည်သို့ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သောအခါ၊ မောရှေနှင့် အာရုန်ကိုစေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။ထွ၊ ၂:၂၃။9 သူတို့၏ ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအခါ၊ ဟာဇော်ဗိုလ်ချုပ်မင်း သိသရလက်သို့လည်းကောင်း၊ ဖိလိတ္တိလူတို့ လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်လက်သို့လည်းကောင်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။သူကြီး၊၄:၂၊၁၃:၁၊၃:၁၂။10 တစ်ဖန် သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစွန့်၍၊ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ်တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊သူကြီး၊၁၀:၁၀-၁၅။11 ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့လက်မှ ကယ်နုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။သူကြီး၊၇:၁၊၄:၆၊ ၁၁:၂၉။ ၁ရာ၊၃:၂၀။12 နောက်တစ်ဖန် အမ္မုန်အမျိုးသား ရှင်ဘုရင်နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အားလျှောက်ထားကြ၏။၁ရာ၊၈:၁၉။13 ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သောရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ချီးမြှောက်တော်မူပြီ။ 14 သင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကားတော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကိုအုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။ 15 သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကိုဆန်လျှင်၊ ထာဝရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။ 16 ယခုမှာ သင်တို့မျက်မှောက်၌ ထာဝရဘုရား ပြုတော်မူလတ္တံ့သောအမှုကြီးကို ငြိမ်ဝပ်စွာနေ၍ ကြည့်ရှုလော့။ 17 ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ 18 ထာဝရဘုရားကိုဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။ 19 လူအပေါင်းတို့က၊ ကိုယ်တော်၏ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်းပန်ကြ၏။ 20 ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုကြလော့။ 21 ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီးသက်သက်ဖြစ်၏။ 22 ထာဝရဘုရားသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှာအလိုရှိတော်မူပြီ။ 23 ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။ 24 သို့ရာတွင် ထာဝရဘုရားကိုကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဖို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်ကို အောက်မေ့ကြလော့။ 25 သို့မဟုတ် သင်တို့သည် ဒုစရိုက်ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်ဟု လူများတို့အား ပြောဆိုလေ၏။
1 Allora Samuele disse a tutto Israele: "Ecco, io vi ho ubbidito in tutto quello che mi avete detto e ho costituito un re su di voi. 2 E ora, ecco il re che andrà davanti a voi. Quanto a me, io sono vecchio e canuto, e i miei figli sono tra voi; io sono andato davanti a voi dalla mia giovinezza fino a questo giorno. 3 Eccomi qui; rendete la vostra testimonianza a mio riguardo, in presenza dell’Eterno e in presenza del suo unto: A chi ho preso il bue? A chi ho preso l’asino? Chi ho defraudato? A chi ho fatto violenza? Dalle mani di chi ho accettato doni per chiudere gli occhi a suo riguardo? Io vi restituirò ogni cosa!". 4 Quelli risposero: "Tu non ci hai defraudati, non ci hai fatto violenza, e non hai preso nulla dalle mani di nessuno". 5 Ed egli disse loro: "Oggi l’Eterno è testimone contro di voi, e anche il suo unto è testimone, che voi non avete trovato nulla nelle mie mani". Il popolo rispose: "Egli è testimone!". 6 Allora Samuele disse al popolo: "Testimone è l’Eterno, che costituì Mosè e Aaronne e fece salire i vostri padri dal paese d’Egitto. 7 Ora dunque presentatevi, affinché io, davanti all’Eterno, dibatta con voi la causa relativa a tutte le opere di giustizia che l’Eterno ha compiuto a beneficio vostro e dei vostri padri. 8 Dopo che Giacobbe fu entrato in Egitto, i vostri padri gridarono all’Eterno e l’Eterno mandò Mosè e Aaronne, i quali trassero i padri vostri fuori dall’Egitto e li fecero abitare in questo luogo. 9 Ma essi dimenticarono l’Eterno, il loro Dio, ed egli li diede in potere di Sisera, capo dell’esercito di Asor, e in potere dei Filistei e del re di Moab, i quali mossero loro guerra. 10 Allora gridarono all’Eterno e dissero: ‘Abbiamo peccato, perché abbiamo abbandonato l’Eterno e abbiamo servito gli idoli di Baal e di Astarte; ma ora, liberaci dalle mani dei nostri nemici e serviremo te’. 11 E l’Eterno mandò Ierubbaal e Bedan e Iefte e Samuele, e vi liberò dalle mani dei nemici che vi circondavano, e viveste al sicuro. 12 Ma quando udiste che Naas, re dei figli di Ammon, marciava contro di voi, mi diceste: ‘No, deve regnare su di noi un re’, mentre l’Eterno, il vostro Dio, era il vostro re. 13 Ora dunque, ecco il re che vi siete scelto, che avete chiesto; ecco, l’Eterno ha costituito un re su di voi. 14 Se temete l’Eterno, lo servite e ubbidite alla sua voce, se non siete ribelli al comandamento dell’Eterno e, tanto voi quanto il re che regna su di voi, seguite l’Eterno vostro Dio, bene; 15 ma, se non ubbidite alla voce dell’Eterno, se vi ribellate al comandamento dell’Eterno, la mano dell’Eterno sarà contro di voi, come fu contro i vostri padri. 16 Ora fermatevi e osservate questa cosa grande che l’Eterno sta per compiere davanti ai vostri occhi! 17 Non siamo al tempo della messe del grano? Io invocherò l’Eterno ed egli manderà tuoni e pioggia affinché sappiate e vediate quanto è grande agli occhi dell’Eterno il male che avete fatto chiedendo per voi un re". 18 Allora Samuele invocò l’Eterno e l’Eterno mandò quel giorno tuoni e pioggia e tutto il popolo ebbe grande timore dell’Eterno e di Samuele. 19 E tutto il popolo disse a Samuele: "Prega l’Eterno, il tuo Dio, per i tuoi servi, affinché non muoiano; poiché a tutti gli altri nostri peccati abbiamo aggiunto questo torto di chiedere per noi un re". 20 E Samuele rispose al popolo: "Non temete; è vero, voi avete fatto tutto questo male; tuttavia, non smettete di seguire l’Eterno, ma servitelo con tutto il vostro cuore; 21 non ve ne allontanate, perché andreste dietro a cose vane, che non possono giovare né liberare, perché sono cose vane. 22 Infatti l’Eterno, per amore del suo grande nome, non abbandonerà il suo popolo, poiché è piaciuto all’Eterno di fare di voi il suo popolo. 23 Quanto a me, lungi da me il peccare contro l’Eterno cessando di pregare per voi! Anzi, io vi mostrerò la buona e diritta via. 24 Soltanto temete l’Eterno e servitelo fedelmente, con tutto il vostro cuore; considerate infatti le cose grandi da lui compiute per voi! 25 Ma, se continuate ad agire malvagiamente, morirete voi e il vostro re".