1 အဘိမလက်လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသားဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ 2 ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
3 ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။ 4 ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။ 5 ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
6 တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြု စွန့်ထားကြ၏။ 7 ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌လည်းကောင်း၊ အမ္မုန်အမျိုးသားတို့၌လည်းကောင်း၊ ရောင်းတော်မူသဖြင့်၊ 8 ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ 9 အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
10 ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ 11 ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်သည် မဟုတ်လော။ 12 ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကိုဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နုတ်၏။ 13 သို့သော်လည်း သင်တို့သည် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တစ်ဖန် ငါမကယ်နုတ်။ 14 သင်တို့ ရွေးယူသောဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။ 15 ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်တို့၌ ပြုတော်မူပါ။ ယခု တစ်ကြိမ်သာကယ်နုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့တောင်းပန်ပါ၏ဟု ထာဝရဘုရားအားတောင်းလျှောက်လျက်၊ 16 တစ်ပါးအမျိုးသားကိုးကွယ်သော ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုးခံရသော ဒုက္ခဆင်းရဲကြောင့် နာကျင်သောစိတ်နှလုံးရှိတော်မူ၏။ 17 အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။ 18 ဂိလဒ်ပြည်သား မင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏အထွတ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။
1 Ora dopo Abimelec, per liberare Israele, sorse Tola, figlio di Pua, figlio di Dodo, uomo d’Issacar. Abitava a Samir, nella regione montuosa di Efraim; 2 fu giudice d’Israele per ventitré anni; poi morì e fu sepolto a Samir. 3 Dopo di lui sorse Iair, il Galaadita, che fu giudice d’Israele per ventidue anni; 4 ebbe trenta figli che cavalcavano trenta asinelli e avevano trenta città, che si chiamano anche oggi i borghi di Iair, e sono nel paese di Galaad. 5 Poi Iair morì e fu sepolto a Camon.
6 E i figli d’Israele continuarono a fare ciò che è male agli occhi dell’Eterno e servirono gli idoli di Baal e di Astarte, gli dèi della Siria, gli dèi di Sidone, gli dèi di Moab, gli dèi dei figli di Ammon e gli dèi dei Filistei; abbandonarono l’Eterno e non lo servirono più. 7 L’ira dell’Eterno si accese contro Israele, ed egli li diede nelle mani dei Filistei e nelle mani dei figli di Ammon. 8 E in quell’anno, questi angariarono e oppressero i figli d’Israele; per diciotto anni oppressero tutti i figli d’Israele che erano di là dal Giordano, nel paese degli Amorei in Galaad. 9 E i figli di Ammon passarono il Giordano per combattere anche contro Giuda, contro Beniamino e contro la casa d’Efraim; e Israele fu in grande angoscia. 10 Allora i figli d’Israele gridarono all’Eterno, dicendo: "Abbiamo peccato contro di te, perché abbiamo abbandonato il nostro Dio e abbiamo servito gli idoli di Baal". 11 E l’Eterno disse ai figli d’Israele: "Non vi ho io liberati dagli Egiziani, dagli Amorei, dai figli di Ammon e dai Filistei? 12 Quando i Sidoni, gli Amalechiti e i Maoniti vi opprimevano e voi gridaste a me, non vi liberai io dalle loro mani? 13 Eppure, mi avete abbandonato e avete servito altri dèi; perciò io non vi libererò più. 14 Andate a gridare agli dèi che avete scelto; vi salvino essi nel tempo della vostra angoscia!". 15 E i figli d’Israele dissero all’Eterno: "Abbiamo peccato; facci tutto quello che ti piace; soltanto, ti preghiamo, liberaci oggi!". 16 Allora tolsero di mezzo a loro gli dèi stranieri e servirono l’Eterno, che si addolorò per l’afflizione d’Israele. 17 I figli di Ammon si radunarono e si accamparono a Galaad, e anche i figli d’Israele si radunarono e si accamparono a Mispa. 18 Il popolo, i prìncipi di Galaad, si dissero l’uno all’altro: "Chi sarà l’uomo che comincerà l’attacco contro i figli di Ammon? Egli sarà il capo di tutti gli abitanti di Galaad".