1 ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ငါမဖျက် အစဉ်အမြဲစောင့်မည်။ 2 သင်တို့သည် ဤပြည်သားတို့နှင့် မိတ်သဟာယမဖွဲ့ရ။ သူတို့ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ထွ၊ ၃၄:၁၂-၁၃၊တရား၊ ၇:၂-၅။3 တစ်ဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့တစ်ဖက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 4 ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ 5 ထိုအရပ်ကို ဗောခိမ်အမည်ဖြင့်မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။ထွ၊ ၁၉:၁၈။
6 အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှာ သွားကြ၏။ 7 ယောရှုလက်ထက် ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့ လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။ 8 ထာဝရဘုရား၏ကျွန်၊ နုန်၏သားယောရှုသည် အသက်တစ်ရာတစ်ဆယ်ရှိသော် အနိစ္စရောက်လေ၏။ 9 ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။ယောရှု၊ ၁၉:၄၉-၅၀။
10 ယောရှုလက်ထက် ကာလ၌ ဖြစ်သောသူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ရောက်ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
11 ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။ 12 အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။ 13 ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊ 14 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ရှေ့မှာ သူတို့သည် တစ်ဖန်မရပ်နိုင်ကြ။ 15 သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော်အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။ 16 သို့ရာတွင် လုယူသောသူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်းစေတော်မူ၏။ 17 ထိုတရားသူကြီးတို့စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတစ်ပါးသော ဘုရားတို့နှင့်မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကိုကျင့်၍ လိုက်သောလမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။ 18 ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက်ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။ 19 တရားသူကြီးသေသောနောက်၊ သူတို့သည် တစ်ဖန် ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတစ်ပါးသော ဘုရားတို့နောက်သို့လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။ 20 ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကိုနားမထောင်။ သူတို့ဘိုးဘေးတို့နှင့် ငါဖွဲ့သောပဋိညာဉ်ကို ဖျက်သောကြောင့်၊ 21 ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစ်စုံတစ်မျိုးကို သူတို့ရှေ့မှ နောက်တစ်ဖန် ငါမနှင်ထုတ်။ 22 သူတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှာ စောင့်ရှောက်သကဲ့သို့ သူတို့သည်စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသောလူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊ 23 ထိုလူမျိုးကို ယောရှုလက်၌မအပ်၊ အလျင်အမြန် မနှင်ထုတ်ဘဲနေတော်မူ၏။
1 Ora l’angelo dell’Eterno salì da Ghilgal a Bochim e disse: "Io vi ho fatto salire dall’Egitto e vi ho condotto nel paese che avevo giurato ai vostri padri di darvi. Avevo anche detto: ‘Io non romperò mai il mio patto con voi; 2 e voi, dal canto vostro, non farete alleanza con gli abitanti di questo paese; demolirete i loro altari’. Ma voi non avete ubbidito alla mia voce. Perché avete fatto questo? 3 Perciò anch’io ho detto: ‘Io non li scaccerò davanti a voi; ma essi saranno per voi tanti nemici, e i loro dèi saranno per voi un’insidia’". 4 Appena l’angelo dell’Eterno ebbe detto queste parole a tutti i figli d’Israele, il popolo si mise a piangere ad alta voce. 5 Chiamarono quel luogo Bochim e vi offrirono dei sacrifici all’Eterno.
6 Ora Giosuè congedò il popolo, e i figli d’Israele se ne andarono, ciascuno nel suo territorio, a prendere possesso del paese. 7 E il popolo servì l’Eterno durante tutta la vita di Giosuè e durante tutta la vita degli anziani che sopravvissero a Giosuè, e che avevano visto tutte le grandi opere che l’Eterno aveva fatto in favore d’Israele. 8 Poi Giosuè, figlio di Nun, servo dell’Eterno, morì all’età di centodieci anni; 9 e fu sepolto nel territorio che gli era toccato a Timnat-Cheres nella regione montuosa di Efraim, a nord della montagna di Gaas. 10 Anche tutta quella generazione fu riunita ai suoi padri; poi, dopo di quella, sorse un’altra generazione, che non conosceva l’Eterno, né le opere che egli aveva compiuto in favore d’Israele. 11 I figli d’Israele fecero ciò che è male agli occhi dell’Eterno e servirono gli idoli di Baal; 12 abbandonarono l’Eterno, l’Iddio dei loro padri che li aveva tratti fuori dal paese d’Egitto, e andarono dietro ad altri dèi fra gli dèi dei popoli che li circondavano; si prostrarono davanti a loro e provocarono a ira l’Eterno; 13 abbandonarono l’Eterno e servirono Baal e gli idoli di Astarte. 14 E l’ira dell’Eterno si accese contro Israele ed egli li diede nelle mani dei predoni, che li spogliarono; li vendette ai nemici che stavano intorno a loro, in modo che non poterono più resistere di fronte ai loro nemici. 15 Dovunque andavano, la mano dell’Eterno era contro di loro a loro danno, come l’Eterno aveva detto, come l’Eterno aveva loro giurato: e furono grandemente afflitti. 16 E l’Eterno suscitava dei giudici, che li liberavano dalle mani di quelli che li spogliavano. 17 Ma neppure ai loro giudici davano ascolto, poiché si prostituivano ad altri dèi e si prostravano davanti a loro. E abbandonarono ben presto la via percorsa dai loro padri, i quali avevano ubbidito ai comandamenti dell’Eterno; ma essi non fecero così. 18 E quando l’Eterno suscitava loro dei giudici, l’Eterno era con il giudice, e li liberava dalla mano dei loro nemici durante tutta la vita del giudice; poiché l’Eterno era mosso a compassione ascoltando i gemiti che mandavano a causa di quelli che li opprimevano e li angariavano. 19 Ma, quando il giudice moriva, tornavano a corrompersi più dei loro padri, andando dietro ad altri dèi per servirli e prostrarsi davanti a loro; non rinunciavano affatto alle loro pratiche e alla loro caparbia condotta. 20 Perciò l’ira dell’Eterno si accese contro Israele, ed egli disse: "Poiché questa nazione ha violato il patto che avevo stabilito con i loro padri ed essi non hanno ubbidito alla mia voce, 21 anch’io non scaccerò più davanti a loro nessuna delle nazioni che Giosuè lasciò quando morì; 22 così, per mezzo di esse, metterò alla prova Israele per vedere se si atterranno alla via dell’Eterno e cammineranno per essa come fecero i loro padri, o no". 23 E l’Eterno lasciò stare quelle nazioni senza affrettarsi a scacciarle, e non le diede nelle mani di Giosuè.