ရဗ္ဗာမြို့ကိုသိမ်းပိုက်ခြင်း
1 အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ယွာဘသည် ဗိုလ်ခြေအလုံးအရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကိုဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင် ယေရုရှလင်မြို့၌ နေလေ၏။၂ရာ၊၁၁:၁။2 ယွာဘသည် ရဗ္ဗာမြို့ကိုတိုက်ဖျက်ပြီးမှ၊ ဒါဝိဒ်သည် မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တစ်ဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ 3 မြို့သားတို့ကိုလည်း ထုတ်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
ကြီးမားသောဖိလိတ္တိအမျိုးသားတို့နှင့် တိုက်ပွဲများ
4 နောက်တစ်ဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကိုသတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။ 5 နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။၁ရာ၊၁၇:၄-၇။6 နောက်တစ်ဖန် ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေးချောင်းရှိသော ရေဖိမ်အမျိုးသားတစ်ယောက်သည်၊ 7 ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကိုသတ်လေ၏။ 8 ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။
1 No ano seguinte, no tempo em que os reis costumavam ir para a guerra, Joab, à frente de um poderoso exército, devastou a terra dos amonitas e veio sitiar Rabá. Joab conquistou Rabá e a destruiu.
2 Davi tomou a coroa da cabeça de seu rei, a qual pesava um talento de ouro. Estava ornada com uma pedra preciosa e foi colocada na cabeça de Davi. Levou também da cidade muitos despojos.
3 Quanto ao povo que lá se encontrava, fê-lo sair e colocou-o em trabalhos de serra, de picaretas de ferro e de machados. Fez o mesmo com todas as cidades dos amonitas. Em seguida, Davi voltou para Jerusalém com todo o seu exército.
4 Depois disso, houve um combate em Gazer contra os filisteus. Então Sobocai, o husatita, matou Safai, um dos descendentes de Rafa e os filisteus foram submetidos.
5 Houve ainda uma batalha com os filisteus e Elcanã, filho de Jair, matou Lami, irmão de Golias, de Gat, que tinha uma lança cujo cabo parecia um cilindro de tecelões.
6 Houve ainda um combate em Gat. Lá havia um homem de alta estatura que tinha seis dedos em cada mão e em cada pé, ao todo vinte e quatro; também ele era da descendência de Rafa.
7 Desafiou Israel e Jônatas, filho de Hosama, irmão de Davi, o matou.
8 Esses homens eram filhos de Rafa, em Gat. Pereceram pela mão de Davi e de seus servos.