1 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာတို့ကိုလည်းကောင်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊၄ရာ၊ ၂၅:၁-၁၁။ ၆ရာ၊၃၆:၁၇-၂၁။2 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။ 3 သင်သည် ထိုမင်းလက်နှင့် မလွတ်ရ။ စင်စစ် သင့်ကိုဖမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တစ်ယောက်နှင့်တစ်ယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။ 4 သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဓားဖြင့်အသေမခံရ။ 5 ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဖို့ ပြုဖူးသည်နည်းတူ၊ သင့်အဖို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ 6 ဗာဗုလုန် ရှင်ဘုရင်၏ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကိုလည်းကောင်း၊ 7 ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှမြို့၊ အဇေကာမြို့ တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်းသော မြို့တို့ကိုလည်းကောင်း တိုက်သောအခါ၊ ပရောဖက်ယေရမိသည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင်ဇေဒကိအား ဆင့်ဆိုလေ၏။
8 ယေရုရှလင်မြို့သား အပေါင်းတို့သည် အသီးအသီး စေစားသော ယုဒညီအစ်ကိုချင်း၊ 9 အစေခံရသော ဟေဗြဲအမျိုး ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲ လွှတ်စေခြင်းငှာ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကိုစီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၏။ 10 အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲသားအပေါင်းတို့သည် အသီးအသီးစေစားသော ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲလွှတ်မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။ 11 နောက်တစ်ဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြ၏။ 12 ထိုကြောင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊ 13 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘိုးဘေးများကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ 14 သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကိုချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရမည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သောအခွင့်ကို ပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။ထွ၊ ၂၁:၂။ တရား၊၁၅:၁၂။15 သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသောအမှုကိုပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံခြင်း ပဋိညာဉ်ကို ပြုကြသော်လည်း၊ 16 တစ်ဖန် ပြောင်းလဲ၍ ငါ၏နာမကိုရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဖူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။ 17 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာမစီရင်၊ ငါ့စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်တို့အဖို့၊ ဓားဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာစီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အယှက် ခံစေမည်။ 18 နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ လျှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သောသူတည်းဟူသော၊ 19 ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရောဟိတ်အစရှိသော၊ နွားသငယ် ထက်ခြမ်းအလယ်သို့ လျှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊ 20 သူတို့ရန်သူများ လက်သို့လည်းကောင်း၊ သတ်ချင်သောသူများ လက်သို့လည်းကောင်း ငါအပ်မည်။ သူတို့အသေကောင်များတို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဖို့ ဖြစ်ကြလိမ့်မည်။ 21 ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော်တို့ကို သူတို့ရန်သူများ လက်သို့လည်းကောင်း၊ သတ်ချင်သောလူများ လက်သို့လည်းကောင်း၊ ယခုလွှဲသွားသော ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့လည်းကောင်း ငါအပ်မည်။ 22 ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍ မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ်ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1 La parola che fu rivolta dall’Eterno a Geremia, quando Nabucodonosor, re di Babilonia, tutto il suo esercito, tutti i regni della terra sottoposti al suo dominio, e tutti i popoli combattevano contro Gerusalemme e contro tutte le sue città: 2 "Così parla l’Eterno, l’Iddio d’Israele: Va’, parla a Sedechia, re di Giuda, e digli: Così parla l’Eterno: ‘Ecco, io do questa città in mano del re di Babilonia, il quale la darà alle fiamme; 3 tu non scamperai dalla sua mano, ma sarai certamente preso e sarai dato in sua mano; i tuoi occhi vedranno gli occhi del re di Babilonia; egli ti parlerà da bocca a bocca, e tu andrai a Babilonia’. 4 Tuttavia, Sedechia, re di Giuda, ascolta la parola dell’Eterno: Così parla l’Eterno riguardo a te: ‘Tu non morirai per la spada, 5 tu morirai in pace; come si bruciarono aromi per i tuoi padri, gli antichi re tuoi predecessori, così se ne bruceranno per te; si farà cordoglio per te, dicendo: Ahimè, signore! poiché sono io che pronuncio questa parola’, dice l’Eterno". 6 Il profeta Geremia disse tutte queste parole a Sedechia, re di Giuda, a Gerusalemme, 7 mentre l’esercito del re di Babilonia combatteva contro Gerusalemme e contro tutte le città di Giuda che resistevano ancora, cioè contro Lachis e Azeca, che erano tutto quello che rimaneva, in fatto di città fortificate, fra le città di Giuda.
8 La parola che fu rivolta dall’Eterno a Geremia, dopo che il re Sedechia ebbe fatto un patto con tutto il popolo di Gerusalemme per proclamare l’emancipazione, 9 per la quale ognuno doveva rimandare in libertà il suo schiavo e la sua schiava, ebreo ed ebrea, e nessuno doveva tenere più in schiavitù nessun suo fratello giudeo. 10 Tutti i capi e tutto il popolo che erano entrati nel patto di rimandare in libertà ciascuno il proprio servo e la propria serva e di non tenerli più in schiavitù ubbidirono e li rimandarono; 11 ma poi cambiarono idea e fecero ritornare gli schiavi e le schiave che avevano liberato, e li riassoggettarono a essere loro schiavi e schiave. 12 La parola dell’Eterno fu dunque rivolta dall’Eterno a Geremia, in questi termini: 13 "Così parla l’Eterno, l’Iddio d’Israele: ‘Io stabilii un patto con i vostri padri il giorno che li feci uscire dal paese d’Egitto, dalla casa di schiavitù, e dissi loro: 14 Al termine di sette anni, ciascuno di voi rimandi libero il proprio fratello ebreo, che si sarà venduto a lui; ti serva sei anni, poi rimandalo da casa tua libero; ma i vostri padri non ubbidirono e non prestarono orecchio. 15 Voi oggi eravate tornati a fare ciò che è retto ai miei occhi, proclamando l’emancipazione ciascuno al suo prossimo, e avevate fatto un patto in mia presenza, nella casa sulla quale è invocato il mio nome; 16 ma siete tornati indietro e avete profanato il mio nome; ciascuno di voi ha fatto ritornare il suo schiavo e la sua schiava che avevate rimandato in libertà a loro piacere, e li avete assoggettati a essere vostri schiavi e schiave’. 17 Perciò, così parla l’Eterno: ‘Voi non mi avete ubbidito proclamando l’emancipazione ciascuno di suo fratello e ciascuno del suo prossimo; ecco, io proclamo la vostra emancipazione’, dice l’Eterno, ‘per andare incontro alla spada, alla peste e alla fame, e farò in modo che sarete agitati per tutti i regni della terra. 18 Darò gli uomini che hanno trasgredito il mio patto e non hanno messo in pratica le parole del patto che avevano stabilito in mia presenza, passando in mezzo alle parti del vitello che avevano tagliato in due; 19 darò, dico, i capi di Giuda e i capi di Gerusalemme, gli eunuchi, i sacerdoti e tutto il popolo del paese che passarono in mezzo alle parti del vitello, 20 in mano dei loro nemici, e in mano di quelli che cercano la loro vita; i loro cadaveri serviranno da pasto agli uccelli del cielo e alle bestie della terra. 21 Darò Sedechia, re di Giuda, e i suoi capi in mano dei loro nemici, in mano di quelli che cercano la loro vita, e in mano dell’esercito del re di Babilonia, che si è allontanato da voi. 22 Ecco, io darò l’ordine’, dice l’Eterno, ‘e li farò ritornare contro questa città; essi combatteranno contro di lei, la prenderanno, la daranno alle fiamme; io farò delle città di Giuda una desolazione senza abitanti’".