1 နောက်တစ်ဖန်ယောသပ်သည်၊ အဘနာကြောင်းကိုကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့် ဧဖရိမ်ကိုယူ၍သွား၏။ 2 သားယောသပ်လာကြောင်းကို ယာကုပ်သည်ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။ 3 ထိုအခါယာကုပ်က၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ကောင်းချီးပေးတော်မူလျက်၊ 4 ငါသည်သင့်ကိုတိုးပွားများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှာ ငါပေးမည်ဟု မိန့်တော်မူ၏။က၊ ၂၈:၁၃-၁၄။5 သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သောသားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။ 6 နောက်မှသင်ရသောသားတို့သည် သင်၏သားဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။ 7 ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။က၊ ၃၅:၁၆-၁၉။
8 တစ်ဖန်ဣသရေလသည် ယောသပ်၏သားတို့ကိုကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊ 9 ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသော အကျွန်ုပ်၏သားဖြစ်ပါသည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကိုငါကောင်းချီးပေးမည်ဟုဆို၏။ 10 ဣသရေလသည် အသက်ကြီး၍မျက်စိမှုန်သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကိုအနီးသို့ချဉ်းကပ်စေ၍ ပိုက်ဖက်နမ်းရှုပ်လေ၏။ 11 ဣသရေလကလည်း၊ ငါသည်သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။ 12 ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။ 13 တစ်ဖန်ယောသပ်သည်သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ယာလက်နှင့်ကိုင်လျက်၊ ဣသရေလလက်ဝဲလက်သို့လည်းကောင်း၊ မနာရှေကို လက်ဝဲလက်နှင့်ကိုင်လျက်၊ ဣသရေလ လက်ယာလက်သို့လည်းကောင်းချဉ်းကပ်စေ၏။ 14 မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသရေလသည် မိမိလက်တို့ကိုဆန့်၍ လိမ္မာစွာပဲ့ပြင်လျက်၊ အသက်ငယ်သောသူဧဖရိမ်၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ခေါင်းပေါ်မှာတင်၏။ 15 ယောသပ်ကိုကောင်းချီးပေးလျက်၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုတစ်သက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသောဘုရားသခင်တည်းဟူသော၊ 16 ငါ့ကိုခပ်သိမ်းသောဘေးဒဏ်အထဲက ကယ်နုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော။ သူတို့ကိုငါ့အမည်ဖြင့်လည်းကောင်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည်ဖြင့်လည်းကောင်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွားများပြားပါစေသောဟု မြွက်ဆို၏။ 17 အဘသည်လက်ယာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာတင်သည်ကို ယောသပ်မြင်လျှင်၊ အားမရသည်ဖြစ်၍၊ 18 မဟုတ်ပါအဘ။ ဤသူသည်သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပါဟုဆိုလျက် အဘ၏လက်ကို ဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ်သို့ ပြောင်းခြင်းငှာချီလေ၏။ 19 အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏။ 20 တစ်ဖန်ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့လည်းကောင်း၊ မနာရှေကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းချီးပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကိုကောင်းချီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း။ဟေဗြဲ၊ ၁၁:၂၁။21 ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာပြည်သို့ တစ်ဖန်ဆောင်တော်မူလိမ့်မည်။ 22 ထိုမှတစ်ပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။
1 Dopo queste cose, avvenne che fu detto a Giuseppe: "Ecco, tuo padre è ammalato". Ed egli prese con sé i suoi due figli, Manasse ed Efraim. 2 Giacobbe ne fu informato, e gli fu detto: "Ecco, tuo figlio Giuseppe viene da te". Allora Israele raccolse le sue forze, e si mise a sedere sul letto. 3 Giacobbe disse a Giuseppe: "L’Iddio Onnipotente mi apparve a Luz nel paese di Canaan, mi benedisse, 4 e mi disse: ‘Ecco, io ti farò fruttare, ti moltiplicherò, ti farò diventare una moltitudine di popoli, e darò questo paese alla tua progenie dopo di te, come una proprietà perenne. 5 E ora, i tuoi due figli che ti sono nati nel paese d’Egitto prima che io venissi da te in Egitto, sono miei. Efraim e Manasse saranno miei, come Ruben e Simeone. 6 Ma i figli che hai generato dopo di loro saranno tuoi; essi saranno chiamati con il nome dei loro fratelli, quanto alla loro eredità. 7 Quanto a me, quando tornavo da Paddan, Rachele morì, nel paese di Canaan, durante il viaggio, a qualche distanza da Efrata; e la seppellii lì, sulla via di Efrata, che è Betlemme. 8 Israele guardò i figli di Giuseppe, e disse: "Questi, chi sono?". 9 E Giuseppe rispose a suo padre: "Sono miei figli, che Dio mi ha dato qui". Ed egli disse: "Falli avvicinare a me, e io li benedirò". 10 Ora gli occhi d’Israele erano annebbiati a motivo dell’età, tanto che non ci vedeva più. E Giuseppe li fece avvicinare a lui, ed egli li baciò e li abbracciò. 11 Poi Israele disse a Giuseppe: "Io non pensavo di rivedere più la tua faccia; ed ecco che Dio mi ha concesso di vedere anche la tua progenie". 12 Giuseppe li ritirò dalle ginocchia di suo padre e si prostrò con la faccia a terra. 13 Poi Giuseppe li prese entrambi: Efraim alla sua destra, alla sinistra d’Israele; e Manasse alla sua sinistra, alla destra d’Israele; e li fece avvicinare a lui. 14 E Israele stese la sua mano destra, e la posò sul capo di Efraim che era il più giovane; e posò la sua mano sinistra sul capo di Manasse, incrociando le mani; poiché Manasse era il primogenito. 15 E benedisse Giuseppe, e disse: "L’Iddio, nel cui cospetto camminarono i miei padri Abraamo e Isacco, l’Iddio che è stato il mio pastore da quando esisto fino a questo giorno, 16 l’angelo che mi ha liberato da ogni male, benedica questi fanciulli! Siano chiamati con il mio nome e con il nome dei miei padri Abraamo e Isacco, e moltiplichino copiosamente sulla terra!". 17 Ora quando Giuseppe vide che suo padre posava la mano destra sul capo di Efraim, provò dispiacere, e prese la mano di suo padre per levarla dal capo di Efraim e metterla sul capo di Manasse. 18 E Giuseppe disse a suo padre: "Non così, padre mio; perché questi è il primogenito; metti la tua mano destra sul suo capo". 19 Ma suo padre rifiutò e disse: "Lo so, figlio mio, lo so; anche egli diventerà un popolo, e anche egli sarà grande; tuttavia, suo fratello più giovane sarà più grande di lui, e la sua progenie diventerà una moltitudine di nazioni". 20 E in quel giorno li benedisse, dicendo: "Di voi si servirà Israele per benedire, dicendo: ‘Dio ti faccia simile a Efraim e a Manasse!’". E mise Efraim prima di Manasse. 21 Poi Israele disse a Giuseppe: "Ecco, io muoio; ma Dio sarà con voi, e vi ricondurrà nel paese dei vostri padri. 22 E io ti do una parte di più rispetto ai tuoi fratelli: quella che conquistai dalle mani degli Amorei, con la mia spada e con il mio arco".