1 အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသောကာလ၌၊ မိမိပုံသဏ္ဌာန်နှင့်အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။က၊ ၁:၂၇-၂၈။2 လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း၍၊ ကောင်းချီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။မ၊ ၁၉:၄။ မာ၊ ၁၀:၆။
3 အာဒံသည် အသက်တစ်ရာသုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်းသားကိုမြင်ရ၍၊ ရှေသအမည်ဖြင့် မှည့်လေ၏။ 4 ရှေသကို ဖွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 5 အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ်စေ့သော် သေလေ၏။
6 ရှေသသည် အသက်တစ်ရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။ 7 ဧနုတ်ဖွားမြင်သောနောက်၊ ရှေသသည် အနှစ်ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ 8 ရှေသသည် အသက်နှစ်ပေါင်းကိုးရာတစ်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
9 ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကို မြင်လေ၏။ 10 ကာဣနန်ဖွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတစ်ဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ 11 ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ်စေ့သော် သေလေ၏။
12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။ 13 မဟာလေလဖွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ 14 ကာဣနန်သည်၊ အသက်နှစ်ပေါင်းကိုးရာတစ်ဆယ်စေ့သော် သေလေ၏။
15 မဟာလေလသည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။ 16 ယာရက်ဖွားမြင်သောနောက်၊ မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ 17 မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာကိုးဆယ်ငါးနှစ်စေ့သော် သေလေ၏။
18 ယာရက်သည် အသက်တစ်ရာခြောက်ဆယ်နှစ်နှစ်ရှိသော် သားဧနောက်ကို မြင်လေ၏။ 19 ဧနောက်ဖွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍ သားသမီးများကိုမြင်လေ၏။ 20 ယာရက်သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
21 ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။ 22 မသုရှလဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။ 23 ဧနောက်အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း။ 24 ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ နောက်တစ်ဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။ဟေဗြဲ၊ ၁၁:၅၊ ယု၊ ၁၄။
25 မသုရှလသည် အသက်တစ်ရာရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကို မြင်လေ၏။ 26 လာမက်ဖွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ 27 မသုရှလသည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
28 လာမက်သည် အသက်တစ်ရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊ 29 ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသောမြေ၌လုပ်၍၊ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသောအမည်ဖြင့် မှည့်လေ၏။ 30 နောဧဖွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ 31 လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ်စေ့သော် သေလေ၏။ 32 နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။
1 Questo è il libro della discendenza di Adamo. Nel giorno che Dio creò l’uomo, lo fece a somiglianza di Dio; 2 li creò maschio e femmina, li benedisse e diede loro il nome di "uomo", nel giorno che furono creati. 3 Adamo visse centotrent’anni, generò un figlio, a sua somiglianza, conforme alla sua immagine, e lo chiamò Set; 4 e il tempo che Adamo visse, dopo avere generato Set, fu ottocento anni, e generò figli e figlie; 5 e tutto il tempo che Adamo visse fu novecentotrent’anni; poi morì. 6 E Set visse centocinque anni, e generò Enos. 7 E Set, dopo aver generato Enos, visse ottocentosette anni, e generò figli e figlie; 8 e tutto il tempo che Set visse fu novecentododici anni; poi morì. 9 Ed Enos visse novant’anni, e generò Chenan. 10 Ed Enos, dopo aver generato Chenan, visse ottocentoquindici anni, e generò figli e figlie; 11 e tutto il tempo che Enos visse fu novecentocinque anni; poi morì. 12 E Chenan visse settant’anni, e generò Maalaleèl. 13 E Chenan, dopo aver generato Maalaleèl, visse ottocentoquarant’anni, e generò figli e figlie; 14 e tutto il tempo che Chenan visse fu novecentodieci anni; poi morì. 15 E Maalaleèl visse sessantacinque anni, e generò Iared. 16 E Maalaleèl, dopo aver generato Iared, visse ottocentotrent’anni, e generò figli e figlie; 17 e tutto il tempo che Maalaleèl visse fu ottocentonovantacinque anni; poi morì. 18 E Iared visse centosessantadue anni, e generò Enoc. 19 E Iared, dopo aver generato Enoc, visse ottocento anni, e generò figli e figlie; 20 e tutto il tempo che Iared visse fu novecentosessantadue anni; poi morì. 21 Ed Enoc visse sessantacinque anni, e generò Metusela. 22 Ed Enoc, dopo aver generato Metusela, camminò con Dio trecento anni, e generò figli e figlie; 23 e tutto il tempo che Enoc visse fu trecentosessantacinque anni. 24 Ed Enoc camminò con Dio; poi scomparve, perché Dio lo prese. 25 E Metusela visse centottantasette anni e generò Lamec. 26 E Metusela, dopo aver generato Lamec, visse settecentottantadue anni, e generò figli e figlie; 27 e tutto il tempo che Metusela visse fu novecentosessantanove anni; poi morì. 28 E Lamec visse centottantadue anni, e generò un figlio; 29 e lo chiamò Noè, dicendo: "Questo ci consolerà della nostra opera e della fatica delle nostre mani causata dal suolo che l’Eterno ha maledetto". 30 Lamec, dopo aver generato Noè, visse cinquecentonovantacinque anni, e generò figli e figlie; 31 e tutto il tempo che Lamec visse fu settecentosettantasette anni; poi morì. 32 E Noè, all’età di cinquecento anni, generò Sem, Cam e Iafet.