1 ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလအရပ်သို့သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှပြေးသောအခါ၊ သင့်အားထင်ရှားသော ဘုရားသခင်အဖို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့ဟု၊ ယာကုပ်အားမိန့်တော်မူ၏။က၊ ၂၈:၁၁-၁၇။2 ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့တွင်ပါသော၊ တစ်ပါးအမျိုးသားတို့၏ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။ 3 ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည်ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုငါတည်မည်ဟု ဆိုလေ၏။ 4 သူတို့သည်လည်း၊ မိမိတို့၌ပါသောတစ်ပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။ 5 သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည်၊ ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။ 6 ယာကုပ်သည် မိမိ၌ပါသောသူအပေါင်းနှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ရောက်ကြသော်၊ 7 ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တစ်ဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။
8 ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကိုခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။
9 ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တစ်ဖန်ဘုရားသခင်ထင်ရှား၍ ကောင်းချီးပေးတော်မူပြီးလျှင်၊ 10 သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။က၊ ၃၂:၂၈။11 တစ်ဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတစ်မျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။ 12 အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။က၊ ၁၇:၄-၈။13 ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင်တက်ကြွတော်မူ၏။ 14 ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ဆီကိုလည်းကောင်းလောင်းလေ၏။ 15 ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တစ်ဖန်သမုတ်ပြန်လေ၏။က၊ ၂၈:၁၈-၁၉။
16 ထိုနောက်တစ်ဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဖွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။ 17 ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။ 18 ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နာမ်ဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့်မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။ 19 ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ 20 ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကိုစိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်သတည်း။
21 ဣသရေလသည် တစ်ဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။ 22 ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။က၊ ၄၉:၄။
23 ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။ 24 ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။ 25 ရာခေလ၏ကျွန်မ ဗိလဟာသားကား၊ ဒန်နှင့် နဿလိတည်း။ 26 လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ဖွားမြင်သော ယာကုပ်၏သားများတည်း။
27 ထိုနောက်ယာကုပ်သည် အာဗြဟံနှင့် ဣဇာက်တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသောကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက်လေ၏။က၊ ၁၃:၁၈။28 ဣဇာက်အသက်သည် အနှစ်တစ်ရာရှစ်ဆယ်ပြည့်စုံသည်ရှိသော်၊ 29 အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့်ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။
1 Dio disse a Giacobbe: "Alzati, vattene a Betel, abita lì, e fa’ un altare all’Iddio che ti apparve, quando fuggivi davanti a tuo fratello Esaù". 2 Allora Giacobbe disse alla sua famiglia e a tutti quelli che erano con lui: "Togliete gli dèi stranieri che sono fra voi, purificatevi, e cambiatevi i vestiti; 3 e alziamoci, andiamo a Betel, e io farò lì un altare all’Iddio che mi esaudì nel giorno della mia angoscia, e che è stato con me nel viaggio che ho fatto". 4 Ed essi diedero a Giacobbe tutti gli dèi stranieri che erano nelle loro mani e gli anelli che avevano agli orecchi; e Giacobbe li nascose sotto la quercia che è presso Sichem.
5 Poi partirono, e un terrore mandato da Dio invase le città che erano intorno a loro; così non inseguirono i figli di Giacobbe. 6 Giacobbe giunse a Luz, cioè Betel, che è nel paese di Canaan: egli con tutta la gente che aveva con sé; 7 lì costruì un altare e chiamò quel luogo El-Betel, perché lì Dio gli era apparso, quando egli fuggiva davanti a suo fratello. 8 Allora morì Debora, balia di Rebecca, e fu sepolta al di sotto di Betel, sotto la quercia, che fu chiamata Allon-Bacut. 9 Dio apparve ancora a Giacobbe, quando questi veniva da Paddan-Aram; e lo benedisse. 10 Dio gli disse: "Il tuo nome è Giacobbe; tu non sarai più chiamato Giacobbe, ma il tuo nome sarà Israele". E lo chiamò Israele. 11 Poi Dio gli disse: "Io sono l’Iddio Onnipotente; sii fertile e moltiplicati; una nazione, anzi una moltitudine di nazioni discenderà da te, e dei re usciranno dai tuoi lombi; 12 e darò a te e alla tua discendenza dopo di te il paese che diedi ad Abraamo e a Isacco". 13 Dio andò via da lui risalendo dal luogo dove gli aveva parlato. 14 Allora Giacobbe eresse un monumento di pietra nel luogo dove Dio gli aveva parlato; fece su di esso una libazione e sparse su dell’olio. 15 E Giacobbe chiamò Betel il luogo dove Dio gli aveva parlato.
16 Poi partirono da Betel. C’era ancora un certo tratto di strada prima di arrivare a Efrata, quando Rachele partorì: ebbe un parto difficile. 17 Mentre penava a partorire, la levatrice le disse: "Non temere, perché ecco un altro figlio". 18 E mentre l’anima sua se ne andava, perché stava morendo, chiamò il bimbo Ben-Oni; ma il padre lo chiamò Beniamino. 19 Rachele morì e fu sepolta sulla via di Efrata, cioè di Betlemme. 20 Giacobbe eresse una pietra commemorativa sulla sua tomba. Questa pietra commemorativa della tomba di Rachele esiste tuttora. 21 Poi Israele partì, e piantò la sua tenda al di là di Migdal-Eder. 22 E avvenne che, mentre Israele abitava in quel paese, Ruben andò e si unì a Bila, concubina di suo padre. E Israele lo seppe.
23 I figli di Giacobbe erano dodici. I figli di Lea: Ruben, primogenito di Giacobbe, Simeone, Levi, Giuda, Issacar, Zabulon. 24 I figli di Rachele: Giuseppe e Beniamino. 25 I figli di Bila, serva di Rachele: Dan e Neftali. 26 I figli di Zilpa, serva di Lea: Gad e Ascer. Questi sono i figli di Giacobbe che gli nacquero a Paddan-Aram.
27 Giacobbe venne da Isacco suo padre a Mamre, a Chiriat-Arba, cioè Ebron, dove Abraamo e Isacco avevano soggiornato. 28 I giorni della vita di Isacco furono centottant’anni. 29 E Isacco spirò, morì, e fu raccolto presso il suo popolo, vecchio e sazio di giorni; ed Esaù e Giacobbe, suoi figli, lo seppellirono.