1 ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ကတိတော်ရှိသည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့်၊ 2 စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။ဟေဗြဲ၊၁၁:၁၁။3 အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။ 4 ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။က၊ ၁၇:၁၂၊တ၊ ၇:၈။5 သားဣဇာက်ကိုမြင်ရသောအခါ၊ အာဗြဟံသည် အသက်တစ်ရာရှိသတည်း။ 6 စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ 7 စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။ 8 ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။
9 အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ 10 ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။ဂလ၊ ၄:၂၉-၃၀။11 အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။ 12 သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။ရော၊ ၉:၇၊ဟေဗြဲ၊ ၁၁:၁၈။13 ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြဟံအား မိန့်တော်မူ၏။
14 အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ 15 ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံပုတ်အောက်၌ထား၍၊ 16 ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ 17 ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ 18 ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။ 19 ထိုအခါ ဘုရားသခင်သည် ဟာဂရ၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။ 20 ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည်ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။ 21 ပါရန်တော၌နေသည်ဖြစ်၍၊ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့် စုံဖက်စေ၏။
22 ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကိုခေါ်၍၊ သင်သည်ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။က၊ ၂၆:၂၆။23 သို့ဖြစ်၍ သင်သည်ငါ့ကိုလည်းကောင်း၊ ငါ့သားကိုလည်းကောင်း၊ ငါ့မြေးကိုလည်းကောင်း၊ မလှည့်စား။ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌လည်းကောင်း၊ သင်တည်းနေရာ ငါ့ပြည်၌လည်းကောင်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။ 24 အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။ 25 အဘိမလက်မင်း၏ကျွန်တို့သည် အနိုင်အထက်လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည်လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။ 26 အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ်သူပြုသည်ကို ငါမသိ။ သင်သည်ငါ့ကိုမပြော။ ငါလည်းယနေ့တိုင်အောင် မကြားရဟုဆို၏။ 27 အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။ 28 အာဗြဟံသည်လည်း သိုးသငယ်မခုနစ်ကောင်တို့ကို သိုးစုနှင့်ခွဲထားလေ၏။ 29 အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုးသငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟုမေးသော်၊ 30 အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီးဟု ဤသိုးသငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌သက်သေဖြစ်မည်အကြောင်း သူတို့ကို သင်သည်ငါ့လက်မှခံယူရမည်ဟု ဆိုလေ၏။ 31 သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည်ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟုတွင်ကြ၏။ 32 ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည်ထ၍ ဖိလိတ္တိပြည်သို့ပြန်ကြ၏။
33 အာဗြဟံသည် ဗေရရှေဘအရပ်၌ မန်ကျည်းပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုလေ၏။ 34 ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာတည်းနေသတည်း။
1 L’Eterno visitò Sara come aveva detto; e l’Eterno fece a Sara come aveva promesso. 2 E Sara concepì e partorì un figlio ad Abraamo, quando egli era vecchio, al tempo che Dio gli aveva fissato. 3 E Abraamo chiamò Isacco il figlio che gli era nato, che Sara gli aveva partorito. 4 E Abraamo circoncise suo figlio Isacco all’età di otto giorni, come Dio gli aveva comandato. 5 Abraamo aveva cento anni quando nacque suo figlio Isacco. 6 E Sara disse: "Dio mi ha dato di che ridere; chiunque lo udrà riderà con me". 7 E aggiunse: "Chi avrebbe mai detto ad Abraamo che Sara avrebbe allattato figli? siccome io gli ho partorito un figlio nella sua vecchiaia".
8 Il bambino crebbe e fu svezzato; e nel giorno che Isacco fu svezzato, Abraamo fece un gran convito. 9 Sara vide che il figlio partorito ad Abraamo da Agar, l’Egiziana, rideva; 10 allora lei disse ad Abraamo: "Caccia via questa serva e suo figlio; perché il figlio di questa serva non deve essere erede con mio figlio, con Isacco". 11 E la cosa dispiacque fortemente ad Abraamo, a causa di suo figlio. 12 Ma Dio disse ad Abraamo: "Non dispiacerti a causa del fanciullo e della tua serva; acconsenti a tutto quello che Sara ti dirà; poiché da Isacco uscirà la progenie che porterà il tuo nome. 13 Ma anche del figlio di questa serva io farò una nazione, perché è tua progenie". 14 Abraamo dunque si alzò la mattina presto, prese del pane e un otre di acqua e lo diede ad Agar, mettendoglielo sulle spalle; le diede anche il fanciullo, e la mandò via. Lei partì e andò vagando per il deserto di Beer-Sceba. 15 Quando l’acqua dell’otre venne a mancare, lei lasciò cadere il fanciullo sotto un arboscello. 16 E andò a sedersi di fronte, a distanza di un tiro d’arco; perché diceva: "Che io non veda morire il fanciullo!". Sedutasi così di fronte, alzò la voce e pianse. 17 Dio udì la voce del ragazzo; e l’angelo di Dio chiamò Agar dal cielo e le disse: "Che hai, Agar? non temere, poiché Dio ha udito la voce del fanciullo là dov’è. 18 Alzati, prendi il ragazzo e tienilo per la mano, perché io farò di lui una grande nazione". 19 Dio le aprì gli occhi, e lei vide un pozzo d’acqua: andò, riempì d’acqua l’otre, e diede da bere al ragazzo. 20 E Dio fu con lui; egli crebbe, abitò nel deserto, e fu un tiratore d’arco; 21 dimorò nel deserto di Paran e sua madre gli prese per moglie una donna del paese d’Egitto.
22 In quel tempo Abimelec, accompagnato da Picol, capo del suo esercito, parlò ad Abraamo, dicendo: "Dio è con te in tutto quello che fai. 23 Ebbene giurami qui, nel nome di Dio, che tu non ingannerai né me, né i miei figli, né i miei nipoti, ma che userai verso di me e verso il paese dove hai abitato come straniero, la stessa benevolenza che io ho usato verso di te". 24 E Abraamo rispose: "Lo giuro". 25 Ma Abraamo rimproverò Abimelec a causa di un pozzo di acqua, di cui i servi di Abimelec si erano impadroniti con la forza. 26 E Abimelec disse: "Io non so chi abbia fatto questo; tu stesso non me l’hai fatto sapere, e io non ne ho sentito parlare che oggi". 27 Allora Abraamo prese pecore e buoi e li diede ad Abimelec; e i due fecero alleanza. 28 Poi Abraamo mise da parte sette agnelle del gregge. 29 E Abimelec disse ad Abraamo: "Che vogliono dire queste sette agnelle che tu hai messe da parte?". 30 Abraamo rispose: "Tu accetterai dalla mia mano queste sette agnelle, perché questo mi serva di testimonianza che io ho scavato questo pozzo". 31 Perciò egli chiamò quel luogo Beer-Sceba, perché entrambi vi avevano fatto giuramento. 32 Così fecero alleanza a Beer-Sceba. Poi Abimelec, con Picol, capo del suo esercito, si alzò, e se ne tornarono nel paese dei Filistei. 33 E Abraamo piantò un tamarindo a Beer-Sceba, e lì invocò il nome dell’Eterno, l’Iddio dell’eternità. 34 E Abraamo abitò come straniero molto tempo nel paese dei Filistei.