မောရှေအနိစ္စရောက်ခြင်း
1 ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တစ်ဖက်၊ နေဗောတောင်၊ ပိသဂါထိပ်ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည်တစ်လျှောက်လုံး၊ 2 နဿလိပြည်တစ်လျှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တစ်လျှောက်လုံး၊ 3 တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။ 4 ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု ကတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။က၊ ၁၂:၇။ ၂၆:၃။ ၂၈:၁၃။5 ထိုသို့ထာရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာရဘုရား၏ကျွန် မောရှေသည် မောဘပြည်၊ ထိုအရပ်၌အနိစ္စရောက်၍၊ 6 ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှ မသိရာ။ 7 မောရှေသည် အနိစ္စရောက်သောအခါ အသက်တစ်ရာနှစ်ဆယ် ရှိ၏။ သူ၏မျက်စိ မမှုန်သေး။ ခွန်အားလည်း မလျော့သေး။ 8 ဣသရေလအမျိုးသားတို့သည် မောရှေကိုအောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
9 မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလလွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကိုနားထောင်လျက်၊ မောရှေအား ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုကြ၏။ 10-12 ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်းတို့၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဖွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တစ်ဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစ်စုံတစ်ပါးမျှ မပေါ်မထွန်း။ထွ၊ ၃၃:၁၁။
ရှင်မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။
1 Subiu Moisés das planícies de Moab ao monte Nebo, ao cimo do Fasga, defronte de Jericó. O Senhor mostrou-lhe toda a terra, desde Galaad até Dã,
2 todo o Neftali, a terra de Efraim e de Manassés, todo o território de Judá até o mar ocidental,
3 o Negueb, a planície do Jordão, o vale de Jericó, a cidade das palmeiras, até Segor.
4 O Senhor disse-lhe: "Eis a terra que jurei a Abraão, a Isaac e a Jacó dar à sua posteridade. Viste-a com os teus olhos, mas não entrarás nela".
5 E Moisés, o servo do Senhor, morreu ali na terra de Moab, como o Senhor decidira.
6 E ele o enterrou no vale da terra de Moab, defronte de Bet-Fegor, e ninguém jamais soube o lugar do seu sepulcro.
7 Moisés tinha cento e vinte anos no momento de sua morte: sua vista não se tinha enfraquecido, e o seu vigor não se tinha abalado.
8 Os israelitas choraram-no durante trinta dias, nas planícies de Moab; e, passado esse tempo, acabaram-se os dias de pranto consagrados ao luto por Moisés.
9 Josué, filho de Nun, ficou cheio do espírito de sabedoria, porque Moisés lhe tinha imposto as suas mãos. Os israelitas obedeceram-lhe, assim como o Senhor tinha ordenado a Moisés.
10 Não se levantou mais em Israel profeta comparável a Moisés, com quem o Senhor conversava face a face.
11 (Ninguém o igualou) quanto a todos os sinais e prodígios que o Senhor o mandou fazer na terra do Egito, diante do faraó, de seus servos e de sua terra,
12 nem quanto a todos os feitos e às terríveis ações que ele operou sob os olhos de todo o Israel.