4 ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကိုစစ်တော်မူ၏။ 5 ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ၏။ 6 မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။ 7 တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကိုနှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။
Publicidade