ဒါဝိဒ်မင်း၏အောင်ပွဲသီချင်း
ထာဝရဘုရား၏ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်၌ မြွက်ဆိုသော သီချင်းစကားဟူမူကား။
1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။