16 ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။ 17 ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက်နေကြပါ၏။ 18 အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။မ၊ ၂၇:၃၅။ မာ၊ ၁၅:၂၄။ လု၊ ၂၃:၃၄။ ယော၊ ၁၉:၂၄။
Publicidade