Pular para o conteúdo
Publicidade

ဆာလံ 31

ယုံ​ကြည်​ကိုး​စား​ခြင်းဆု​တောင်း

1 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ရှက်​ကြောက်​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ 2 အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။ 3 အ​ကယ်​စင်​စစ် အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက်​ကား၊ ကိုယ်​တော်​ပေ​တည်း။ နာ​မ​တော်​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ကို​လမ်း​ပြ၍ သွန်​သင်​ပဲ့​ပြင်​တော်​မူ​ပါ။ 4 ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​ဖို့​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​က အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ 5 သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အပ်​ပါ၏။လု၊ ၂၃:၄၆။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também