Pular para o conteúdo
Publicidade

ဆာလံ 32

အ​ပြစ်​လွှတ်​ခြင်း​ကျေး​ဇူး

1 အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ရော၊ ၄:၇-၈။2 ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်၍၊ လှည့်​စား​တတ်​သော စိတ်​သ​ဘော​နှင့် ကင်း​စင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

3 ငါ​သည် အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ နေ​စဉ်​အ​ခါ၊ တစ်​နေ့​လုံး ညည်း​တွား​သော​အား​ဖြင့်၊ ငါ့​အ​ရိုး​တို့​သည် ဆွေး​မြေ့​ခြင်း​သို့ ရောက်​ကြ၏။ 4 နေ့​ည​မ​ပြတ် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​အ​ပေါ်​မှာ​လေး၍၊ အ​ကျွန်ုပ်၏​ချွေး​ရည်​သည် နွေ​ကာ​လ၌ သွေ့​ခြောက်​ခြင်း​ကဲ့​သို့ ဖြစ်​ပါ၏။ 5 တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။ 6 ထို​ကြောင့် ကိုယ်​တော်​ကို တွေ့​သင့်​သော​အ​ချိန်​ကာ​လ၌၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ တောင်း​လျှောက်​ကြ​ပါ​လိမ့်​မည်။ အ​ကယ်​စင်​စစ် လွှမ်း​မိုး​တတ်​သော​ရေ​ကြီး​သည် သူ​တို့​ထံ​သို့ မ​ချဉ်း​ရ​ပါ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também