10 ထာဝရဘုရားသည် တစ်ပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏။ လူစုတို့၏ကြံစည်ခြင်းကိုလည်း ဖျက်ဆီးတော်မူ၏။ 11 ထာဝရဘုရား၏ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင်တည်ကြလိမ့်မည်။
Publicidade