Pular para o conteúdo
Publicidade

ဆာလံ 34

ဆင်း​ရဲ​ခြင်း​မှ​လွတ်​မြောက်​ခြင်း

"ဒါ​ဝိဒ်​သည် အ​ဘိ​မ​လက်​မင်း​ရှေ့​မှာ ထူး​ခြား​သော​အ​ခြင်း​အ​ရာ​ကို​ပြု​သ​ဖြင့်၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍ ထွက်​သွား​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

1 ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။ 2 ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ 3 ငါ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို တ​ညီ​တ​ညွတ်​တည်း ချီး​မြှောက်​ကြ​ကုန်​အံ့။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também