11 အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။ 12 ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူ မည်သည်ကား၊၁ပေ၊ ၃:၁၀-၁၂။13 ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။ 14 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။
Publicidade