Pular para o conteúdo
Publicidade

ဆာလံ 37

3 ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။ 4 ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။ 5 ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။ 6 သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também