4 ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။