စင်ကြယ်စေရန်ဆုတောင်း
"ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်း၍၊ ပရောဖက်နာသန်၏ ဆုံးမခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ။"
1 အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ 2 ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။