Pular para o conteúdo
Publicidade

ဆာလံ 65

ဖန်​ဆင်း​ခြင်း​များ​အ​တွက်​ချီး​မွမ်း​ခြင်း

1 အို ဘု​ရား​သ​ခင်၊ ဇိ​အုန်​မြို့၌ ကိုယ်​တော်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍ ချီး​မွမ်း​ရ​ပါ၏။ ကိုယ်​တော်​အား​လည်း သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​ပါ၏။ 2 ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။ 3 မ​တ​ရား​သော​အ​မှု​သည် အ​လွန်​များ၍ အ​ကျွန်ုပ်​သည် မ​တတ်​နိုင်​ပါ။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​တို့ ပြစ်​မှား​ခြင်း အ​ပြစ်​များ​ကို ကိုယ်​တော်​ဖြေ​ရှင်း​တော်​မူ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também