18 အံ့ဖွယ်သော အမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ 19 ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲမင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်စုံပါစေသတည်း။ အာမင်နှင့် အာမင်။