Pular para o conteúdo
Publicidade

ဆာလံ 95

ထော​မ​နာ​သီ​ချင်း

1 လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။ 2 ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။ 3 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘု​ရင် ဖြစ်​တော်​မူ၏။ 4 မြေ​ကြီး​နက်​နဲ​ရာ အ​ရပ်​တို့​သည် လက်​တော်၌ ရှိ​ကြ၏။ တောင်​ထိပ်​တို့​ကို​လည်း ပိုင်​တော်​မူ၏။ 5 ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။ 6 လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também