Pular para o conteúdo
Publicidade

ဆာလံ 96

ချီး​မွမ်း​သီ​ချင်း

1 ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ 2 ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို၍၊ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ 3 ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။ 4 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။ 5 တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။ 6 ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဂုဏ်​အ​သ​ရေ​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ၏။

7 လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ဆာ၊ ၂၉:၁-၂။8 ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​လျက် တံ​တိုင်း​တော်​သို့​ဝင်​ကြ​လော့။ 9 သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ​ခြင်း​ရှိ​ကြ​လော့။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também