Pular para o conteúdo
Publicidade

ဆာလံ 30

သေ​ခြင်း​မှ​ကင်း​လွတ်​သည့်​ချီး​မွမ်း​ခြင်း

''ဒါ​ဝိဒ်​သည် အိမ်​တော်​ကို​သန့်​ရှင်း​စေ​သော​အ​ခါ၊ အ​သံ​ညှိ၍ ဆို​သော​ဆာ​လံ။''

1 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ 2 အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အော်​ဟစ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ၏။ 3 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ သင်္ချိုင်း​တွင်း​ထဲ​သို့​မ​ဆင်း​စေ​ဘဲ၊ အ​ကျွန်ုပ်​ကို အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပြီ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também