Pular para o conteúdo
Publicidade

ဆာလံ 62

5 အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။ 6 အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။ 7 ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ 8 အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também