ဗိမာန်တော်စတင်တည်ဆောက်
1,2 ယေရုရှလင်မြို့တွင်၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော်မူရာအရပ်၊ ယေဗုသိလူအရောန၏ကောက်နယ်တလင်းကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသောအရပ်၌ ရှောလမုန်သည် နန်းစံလေးနှစ်၊ ဒုတိယလ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။က၊ ၂၂:၂၂။3 ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကို ခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ် ရှိ၏။ 4 အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အမြင့် အတောင်တစ်ရာနှစ်ဆယ် ရှိ၏။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ၏။ 5 အိမ်တော်အတွင်းအမိုးကို ထင်းရှူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကိုထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။ 6 အိမ်တော်၌ အသရေတင့်တယ်စေခြင်းငှာ ကျောက်မြတ်တို့ကို စီချယ်၏။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ်၏။ 7 အိမ်တော်၏ထုပ်၊ လျောက်၊ တိုင်၊ ထရံ၊ တံခါးရွက်တို့ကို ရွှေနှင့်မွမ်းမံ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ်များကို ထုလေ၏။
8 အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်လုပ်၍ ရွှေစင်အခွက် ခြောက်ထောင်နှင့် မွမ်းမံလေ၏။ထွ၊ ၂၆:၃၃-၃၄။9 ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ၏။ အထက်ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ၏။ 10 အလွန်သန့်ရှင်းသောအခန်း၌ ခေရုဗိမ်နှစ်ပါးကို ထုလုပ်၍ ရွှေနှင့်မွမ်းမံ၏။ 11 ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ်ရှည်၏။ 12 အတောင်တစ်ဖက်လျှင် အလျားငါးတောင်စီရှိ၍၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက်၊ အတောင်တစ်ဖက်စီ အိမ်တော်ထရံကို မှီလျက်ရှိကြ၏။ 13 ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။ထွ၊ ၂၅:၁၈-၂၀။
14 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာကိုလည်း လုပ်လေ၏။ထွ၊ ၂၆:၃၁။
ကြေးနီတိုင်နှစ်ခု
15 အရှည်သုံးဆယ်ငါးတောင်ရှိသော တိုင်နှစ်တိုင်ကိုလည်း လုပ်၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ၏။ တိုင်အပေါ်မှာတင်သော တိုင်ထိပ်သည် အမြင့်ငါးတောင်စီရှိ၏။ 16 ဗျာဒိတ်ဌာနတော်၌ ရှိသကဲ့သို့ ကြိုးများကိုလည်းလုပ်၍ တိုင်ထိပ်အပေါ်မှာထား၏။ သလဲသီးအလုံးတစ်ရာတို့ကိုလည်းလုပ်၍ ကြိုးပေါ်မှာ ဆွဲထား၏။ 17 ထိုတိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ယာဘက် လက်ဝဲဘက်၌ စိုက်ထား၍၊ လက်ယာတိုင်ကို ယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
1 Salomão começou a construção do Templo do Senhor, em Jerusalém, no monte Moriá, onde Deus tinha aparecido a seu pai Davi, no lugar que este tinha preparado, na eira de Ornã.
2 Foi no segundo dia do segundo mês, no quarto ano de seu reinado, que iniciou a obra.
3 Estes são os fundamentos determinados por Salomão para a construção do templo: de comprimento, sessenta côvados, segundo a antiga medida; de largura, vinte côvados.
4 O pórtico, que se achava no frontispício e cujo comprimento correspondia à largura do edifício, tinha vinte côvados e vinte de altura. Era revestido de ouro puro por dentro.
5 A grande sala foi forrada de ciprestes; ele a guarneceu de ouro puro nos lugares em que estavam esculpidas as palmas e as pequenas cadeias.
6 Ornou essa sala com pedras preciosas; o ouro era de Parvaim.
7 O rei revestiu de ouro a sala: traves, umbrais, paredes e portas; nas paredes mandou esculpir querubins.
8 Fez também a construção da sala do Santo dos Santos, cujo comprimento, igual à largura do edifício, era de vinte côvados. O valor do ouro fino, com que o recobriu, era de seiscentos talentos.
9 Mesmo os pregos eram de ouro e pesavam cinquenta siclos. Revestiu igualmente de ouro os aposentos.
10 Para o interior do Santo dos Santos, mandou esculpir dois querubins e os revestiu de ouro.
11 O comprimento de suas asas era de vinte côvados. Uma asa do primeiro, de cinco côvados de comprimento, tocava a parede da sala e a outra, de cinco côvados, tocava a asa do segundo querubim.
12 Uma asa do segundo querubim, de cinco côvados de comprimento, tocava a parede da sala e a outra, de cinco côvados de comprimento, tocava a asa do primeiro.
13 Assim, a envergadura das asas desses querubins era de vinte côvados. Sustentavam-se sobre seus pés com o rosto voltado para a sala.
14 O rei mandou fazer a cortina de púrpura violeta, carmesim e de linho fino e nela mandou bordar querubins.
15 Diante do edifício, levantou duas colunas de trinta e cinco côvados de altura, tendo no alto um capitel de cinco côvados.
16 Como para o santuário, fez pequenas cadeias, colocou-as no cimo das colunas e suspendeu nelas cem romãs.
17 Levantou colunas, uma à direita e outra à esquerda da fachada do templo; chamou à da direita Jaquin e à da esquerda, Booz.