1 ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။ 2 တောင်ရိုးတို့သည် ယေရုရှလင်မြို့ကိုဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။ 3 ဖြောင့်မတ်သောသူတို့သည် ဒုစရိုက်ကို ပြုသောအခွင့် မရှိစေခြင်းငှာ၊ မတရားသောသူတို့၏လှံတံသည် ဖြောင့်မတ်သောသူတို့၏ အမွေခံရာအဖို့အပေါ်မှာ မတည်မနေရ။
4 အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘောဖြောင့်သောသူတို့အား ကျေးဇူးပြုတော်မူပါ။ 5 ကောက်သောလမ်းများသို့ လွှဲသွားသောသူတို့ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့် ပြုသောသူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။
A Song of degrees.
1 They that confide in Jehovah are as mount Zion, which cannot be moved; it abideth for ever. 2 Jerusalem! — mountains are round about her, and Jehovah is round about his people, from henceforth and for evermore. 3 For the sceptre of wickedness shall not rest upon the lot of the righteous; lest the righteous put forth their hands unto iniquity.
4 Do good, O Jehovah, unto the good, and to them that are upright in their hearts. 5 But as for such as turn aside unto their crooked ways, Jehovah will lead them forth with the workers of iniquity. Peace be upon Israel!