1 အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့၏အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။ 2 ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကိုနုတ်ယူ၍၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ်တင်တော်မူပါ။ 3 သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက်နေကြပါ၏။ အားကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ်အပြစ်ကြောင့် မဟုတ်ပါ။ 4 အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည်ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။ 5 ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ သာသနာပလူအပေါင်းတို့ကို ဆုံးမခြင်းငှာ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစ်စုံတစ်ယောက်ကိုမျှ သနားတော်မမူပါနှင့်။ 6 သူတို့သည် ညဉ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။
7 ထိုသူတို့သည် စော်ကားသောစကားကိုပြော၍၊ သူတို့နှုတ်ခမ်းတွင် ဓားပါလျက် အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏။ 8 သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။ 9 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မျှော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ 10 ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှာ ကြွလာတော်မူမည်။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု၍ အားရသောအခွင့် ရှိစေတော်မူမည်။ 11 အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင်၊ သူတို့ကို သတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူတို့သည် သတိလစ်ကြပါလိမ့်မည်။ တန်ခိုးတော်အားဖြင့် အရပ်ရပ်ကွဲပြားစေ၍ နှိမ့်ချတော်မူပါ။ 12 သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော။ သူတို့ ကျိန်ဆဲသောစကားနှင့် မုသားစကားကြောင့်၊ 13 အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ။ အကုန်အစင် ပျောက်ပျက်စေတော်မူပါ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြပါစေသော။ 14 ညဉ့်ဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ 15 အစာကိုရှာလျက် အရပ်ရပ်သို့လည်၍မဝဘဲ တစ်ညလုံးနေကြပါစေသော။ 16 အကျွန်ုပ်မူကား၊ တန်ခိုးတော်ကိုသီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။ 17 အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို သီချင်းဆိုပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ အကျွန်ုပ်၌ ကရုဏာအရှင်ဘုရားသခင် ဖြစ်တော်မူ၏။
To the chief Musician. ‘Destroy not.’ Of David. Michtam; when Saul sent, and they watched the house to kill him.
1 Deliver me from mine enemies, O my GodGodHebrew: Elohim secure me on high from them that rise up against me. 2 Deliver me from the workers of iniquity, and save me from men of blood. 3 For behold, they lie in wait for my soul; strong ones are gathered against me: not for my transgression, nor for my sin, O Jehovah. 4 They run and prepare themselves without my fault: awake to meet me, and behold. 5 Yea, do thou, Jehovah, the GodGodHebrew: Elohim of hosts, the GodGodHebrew: Elohim of Israel, arise to visit all the nations: be not gracious to any plotters of iniquity. Selah. 6 They return in the evening; they howl like a dog, and go round about the city: 7 Behold, they belch out with their mouth; swords are in their lips: for who say they doth hear?
8 But thou, Jehovah, wilt laugh at them; thou wilt have all the nations in derision. 9 Their strength! ...I will take heed to thee; for GodGodHebrew: Elohim is my high fortress. 10 God, whose loving-kindness will come to meet me, — God shall let me see my desire upon mine enemies. 11 Slay them not, lest my people forget; by thy power make them wander, and bring them down, O Lord, our shield. 12 Because of the sin of their mouth, the word of their lips, let them even be taken in their pride; and because of cursing and lying which they speak. 13 Make an end in wrath, make an end, that they may be no more; that they may know that GodGodHebrew: Elohim ruleth in Jacob, unto the ends of the earth. Selah. 14 And in the evening they shall return, they shall howl like a dog, and go round about the city. 15 They shall wander about for meat, and stay all night if they be not satisfied. 16 But as for me, I will sing of thy strength; yea, I will sing aloud of thy loving-kindness in the morning; for thou hast been to me a high fortress, and a refuge in the day of my trouble. 17 Unto thee, my strength, will I sing psalms; for GodGodHebrew: Elohim is my high fortress, the GodGodHebrew: Elohim of my mercy.