(ဆာလံ၊ -)
1 သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ 2 ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ်ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။ 3 သူတစ်ပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညမပြတ် ငါစားစရာဖြစ်ရ၏။ 4 ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။ 5 အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။
6 အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ်ကမ်း၊ ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။ 7 ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တစ်ခုကိုတစ်ခု ဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။ 8 သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်းကျေးဇူးတော်ကို ပေးချတော်မူ၏။ ညအခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက်သခင်ကို ပတ္ထနာပြုလျက် ငါနေ၏။ 9 အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ်ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရားသခင်ကို ငါလျှောက်ရ၏။ 10 ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။ 11 အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။
SECOND BOOK
To the chief Musician. An instruction; of the sons of Korah.
1 As the hart panteth after the water-brooks, so panteth my soul after thee, O GodGodHebrew: Elohim2 My soul thirsteth for GodGodHebrew: Elohim for the living ·GodGodHebrew: El when shall I come and appear before GodGodHebrew: Elohim3 My tears have been my bread day and night, while they say unto me all the day, Where is thy GodGodHebrew: Elohim4 These things I remember and have poured out my soul within me: how I passed along with the multitude, how I went on with them to the house of GodGodHebrew: Elohim with the voice of joy and praise, a festive multitude. 5 Why art thou cast down, my soul, and art disquieted in me? hope in GodGodHebrew: Elohim for I shall yet praise him, for the health of his countenance.
6 My GodGodHebrew: Elohim my soul is cast down within me; therefore do I remember thee from the land of the Jordan, and the Hermons, from mount Mizar. 7 Deep calleth unto deep at the noise of thy cataracts; all thy breakers and thy billows are gone over me. 8 In the day-time will Jehovah command his loving-kindness, and in the night his song shall be with me, a prayer unto the ·GodGodHebrew: El of my life. 9 I will say unto ·GodGodHebrew: El my rock, Why hast thou forgotten me? why go I mourning because of the oppression of the enemy? 10 As with a crushing in my bones mine adversaries reproach me, while they say unto me all the day, Where is thy GodGodHebrew: Elohim11 Why art thou cast down, my soul? and why art thou disquieted within me? hope in GodGodHebrew: Elohim for I shall yet praise him, who is the health of my countenance, and my GodGodHebrew: Elohim