1 အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊ 2 ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊ 3 သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော၊ 4 ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအားကြောက်ရွံ့သောသူကို ရိုသေထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသော သစ္စာကတိကိုမဖျက်၊ 5 ကိုယ်ငွေကိုချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တစ်ဖက်မှ တံစိုးကိုမခံဘဲကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်သတည်း။
A Psalm of David.
1 Jehovah, who shall sojourn in thy tent? who shall dwell in the hill of thy holiness? 2 He that walketh uprightly, and worketh righteousness, and speaketh the truth from his heart. 3 He that slandereth not with his tongue, doeth not evil to his companion, nor taketh up a reproach against his neighbour; 4 In whose eyes the depraved person is contemned, and who honoureth them that fear Jehovah; who, if he have sworn to his own hurt, changeth it not; 5 He that putteth not out his money to usury, nor taketh reward against the innocent. He that doeth these things shall never be moved.