1 ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ 2 အာရုန်၏ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။ 3 ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။
A Song of degrees. Of David.
1 Behold, how good and how pleasant it is for brethren to dwell together in unity! 2 Like the precious oil upon the head, that ran down upon the beard, upon Aaron’s beard, that ran down to the hem of his garments; 3 As the dew of Hermon that descendeth on the mountains of Zion; for there hath Jehovah commanded the blessing, life for evermore.