1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်းဆိုပါမည်။ 2 သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။ 3 အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကိုသွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။ 4 အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်းတို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ 5 ထာဝရဘုရား၏လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။ 6 ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။ 7 အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။ 8 ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏လက်နှင့်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
A Psalm of David.
1 I will give thee thanks with my whole heart; before the gods will I sing psalms of thee. 2 I will bow down toward the temple of thy holiness, and celebrate thy name for thy loving-kindness and for thy truth; for thou hast magnified thy word above all thy name. 3 In the day when I called thou answeredst me; thou didst encourage me with strength in my soul. 4 All the kings of the earth shall celebrate thee, Jehovah, when they have heard the words of thy mouth; 5 And they shall sing in the ways of Jehovah, for great is the glory of Jehovah.
6 For Jehovah is high; but he looketh upon the lowly, and the proud he knoweth afar off. 7 Though I walk in the midst of trouble, thou wilt revive me: thou wilt stretch forth thy hand against the anger of mine enemies, and thy right hand shall save me. 8 Jehovah will perfect what concerneth me: thy loving-kindness, O Jehovah, endureth for ever; forsake not the works of thine own hands.