1 အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ပတ္ထနာစကားကို မှတ်တော်မူပါ။ 2 စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သောကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ 3 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ 4 တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။ 5 အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာကတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ 6 ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရတည်ပါစေသော။ 7 ဘုရားသခင်ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။ 8 သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှာ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။
To the chief Musician. On a stringed instrument. A Psalm of David.
1 Hear, O GodGodHebrew: Elohim my cry; attend unto my prayer. 2 From the end of the earth will I call unto thee, when my heart is overwhelmed: thou wilt lead me on to a rock which is too high for me. 3 For thou hast been a refuge for me, a strong tower from before the enemy. 4 I will sojourn in thy tent for ever; I will take refuge in the covert of thy wings. Selah.
5 For thou, O GodGodHebrew: Elohim hast heard my vows; thou hast given me the inheritance of those that fear thy name. 6 Thou wilt add days to the days of the king: his years shall be as many generations. 7 He shall abide before GodGodHebrew: Elohim for ever: bestow loving-kindness and truth, that they may preserve him. 8 So will I sing forth thy name for ever, performing my vows from day to day.